DVB Logo
Home
မြန်မာသတင်း
လူ ၃၀၀၀ ခန့်ကို ရွေးကောက်ပွဲအမှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီကော်မရှင်ပြော
DVB
·
July 1, 2022
လူ ၃၀၀၀ ခန့်ကို ရွေးကောက်ပွဲအမှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီကော်မရှင်ပြော
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် လူပေါင်း ၃၀၀၀ လောက်ကို အရေးယူဖို့ ပြင်ဆင်နေပြီး ၅၈ မှုကိုတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီလို့ စစ်ကောင်စီသြဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဇူလိုင် ၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသွားတာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားမဲ့မှုပြုခဲ့ရာမှာ ပါဝင်ပတ်သက်သူတွေလို့ စွပ်စွဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေမှာ ပါဝင်ခဲ့သူတွေအဖြစ် လူပေါင်း ၄၈၉ ယောက်ကို အမှုပေါင်း ၃၆၄ မှု နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး ၁၃၇ မှုကို စွဲဆိုပြီးပြီလို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။ အဲဒီ ၁၃၇ မှုနဲ့ လူပေါင်း ၁၇၀ တရားစွဲဆိုခံထားရပြီး ၅၈ မှု အတွက် ပြစ်ဒဏ်တွေချပြီးပြီလို့လည်း သူကပြောပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့သူတွေအဖြစ် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ပေါင်း ၂၄၁၇ ယောက် ရှိတယ်လို့ပြောပြီး ပြစ်မှုကျူးလွန်သူ ၂၁၇၃ ယောက် ရှိတယ်လို့လည်းပြောပါတယ်။ ဒီထဲမှာ ၃၆၉ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၄ မှု ကျန်သေးတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှုပေါင်း ၁၀၇၇ မှု ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တာက ၅၄၆ မှု ရှိတယ်လို့ သူကပြောပါတယ်။ ဒီထဲမှာ အမှု ၂၀၀ ကို ပိတ်သိမ်းခဲ့ပြီး တမှုကတော့ ဥပဒေအကြံပြုချက် တောင်းခံဆဲဖြစ်လို့ ၃၄၅ မှု ကို တရားစွဲတင်ထားပြီလို့လည်း သူကပြောပါတယ်။

စစ်ကောင်စီ ကော်မရှင်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အပြစ် မရှိကြောင်း တရားရုံးမှာ ငြင်းဆိုထားသလို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွပ်စွဲထားတဲ့ ရွေးကောက်ပွဲအမှု ၂ မှုကိုလည်း တရားရုံးက ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013