
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စရီမာမယ်တော် သတ်သတ်လွတ်ဘုရားကျောင်းမှာ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲကို မတ် ၃၀ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး မီးနင်းပွဲတော်လို့ ပြောလို့ရပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် မီးနင်းသူပေါင်း ၄၃၇ ယောက် ရှိပါတယ်။
မီးနင်းဖို့အတွက် ၇ ရက်အလို သို့မဟုတ် ၁ လ အလိုလောက်တည်းက သီလ ဆောက်တည် ရပါတယ်။ ခေါင်းမှာ ရွက်ထားတဲ့ အိုးတွေက ပဲပင်တွေ ဖြစ်ပြီး မီးနင်းပွဲ မစခင် ၁၀ ရက်အလိုမှာ ပဲစေ့တွေကို အိမ်မှာ ဆုတောင်း အဓိဋ္ဌာန်နဲ့ စိုက်ကြတာပါ။
ပဲပင်တွေ ပေါက်လာရင် အပင် သန်သန်စွမ်းစွမ်း ပေါက်လေလေ ဆုတောင်းပြည့်လေလို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။
ဓာတ်ပုံ - ယမင်းဦး
[gallery ids="54124,54125,54126,54127,54128,54129,54130,54131,54132,54133,54134,54135,54136,54137,54138,54139,54140,54141,54142"]











