DVB Logo
Home
Lead Story
ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင် (မေးမြန်းချက်)
DVB
·
March 30, 2014
ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင် (မေးမြန်းချက်)
Donate to DVB

မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

ဒီလို သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက် ကချင်လူမျိုး စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း၊ လူဦးရေ ၄ သိန်းလောက် စာရင်းပျောက်မှာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။

[caption id="attachment_54118" align="alignleft" width="342"]ဒေါ်ခွန်ဂျာ ဒေါ်ခွန်ဂျာ[/caption]သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လ၀က ၀န်ကြီးဦးခင်ရီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့်ပြုဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ပြောခဲ့ပေမယ့် ကေအိုင်အိုဘက်က ကြိုတင် ညှိနှိုင်းထားတာ မရှိလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေနဲ့ ကေအိုင်အိုထိန်းချုပ် နယ်မြေတွေထဲ သန်းခေါင်စာရင်း ကောက်ဖို့ကိစ္စ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက တိုက်တွန်းပြောကြားခဲ့ဖူးပေမယ့် တွေ့ဆုံခြင်း မရှိဘူးလို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013