DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဖို့ အစိုးရ လိုက်လျော
DVB
·
March 30, 2014
သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဖို့ အစိုးရ လိုက်လျော
1 / 2
Donate to DVB

သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုးဆိုတာ မထည့်ဖို့ အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စစ်တွေမြို့မှာ သန်းခေါင်စာ ရင်းကောက်တာကို သပိတ်မှောက်ထားတာ ရုပ်သိမ်းလိုက်ပါတယ်။

1စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေက သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာ ဆိုတာ ထည့်သွင်း မကောက်ဖို့ ကန့်ကွက် သပိတ်မှောက်နေကြတာဖြစ်ပြီး သန်းခေါင်စာရင်း စကောက်တဲ့ မတ်လ ၃၀ ရက် မနက်ပိုင်းမှာတော့ အစိုးရက သူတို့ လိုလားချက် လိုက်လျောခဲ့လို့ သပိတ်မှောက်တာ ရပ်လိုက်တယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောပါတယ်။

“အခုပဲ ကျနော်တို့ လိုအပ်ချက်အရ ထုတ်ပြန်ရတဲ့စာကို ကျနော်တို့ လက်ထဲရောက်နေတဲ့ အတွက်ကြောင့် ကျနော်တို့ သပိတ်မှောက်ထားခြင်း ကို ပယ်ဖျက်လိုက်ပါပြီခင်ဗျ။”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီဟာ မတ်လ ၂၉ရက်ညပိုင်းမှာ စစ်တွေမြို့က ဒေသခံတွေ မြို့မိမြို့ဖတွေ ပါတီခေါင်းဆောင်တွေနဲ့ သန်းခေါင်စာရင်း ကောက်မယ့်ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ အစိုးရက ပြည်နယ်အဆင့်မှာ ရိုဟင်ဂျာလို့ မထဲ့ဖို့ လိုက်လျောခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေဘက်က ဗဟိုသန်းခေါင်စာရင်းကော်မတီအဆင့် ကြေညာချက်ထုတ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ စစ်တွေ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

မတ်လ ၃၀ရက် မနက်ပိုင်းမှာတော့ စစ်တွေမြို့ပေါ်မှာ သန်းခေါင်စာရင်း မကောက်နိုင်သေးဘဲ အနီးအနား ကျေးရွာတချို့မှာပဲ ကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၁ နာရီလောက်မှာတော့ ဗဟိုသန်းခေါင်စာရင်းကောင်စီက လိုက်လျောတဲ့စာကို ပြည်နယ်အစိုးရက ဖြန့်ဝေခဲ့တယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“နာရီပိုင်းအတွင်းက သတင်းစာဝင်လာတာပေါ့။ ပြည်နယ်လုံခြုံရေး ၀န်ကြီးက သန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ အခြားဆိုတဲ့ နေရာမှာ ဒီနိုင်ငံမှာ မရှိတဲ့ နာမည်ကို မထည့်ဖို့၊ တခြားအုပ်စု တွေက ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ထည့်မလို့ အတင်းပြုလုပ်နေတဲ့အပိုင်းကို အဲဒါက မြန်မာနိုင်ငံမှာ မရှိတဲ့ နာမည်ဖြစ်နေတဲ့အတွက်ကြောင့် အဲဒါကို မဖြည့်တော့ဘူးဆိုတဲ့ သဘောတူညီချက်ကို မနေ့က ပြည်နယ်အစိုးရက ထုတ်ပြန်တယ်။ ဒီနေ့ ဒီမှာရှိတဲ့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင်ကပဲ ပြည်ထောင်စု သန်းခေါင်စာရင်းအဖွဲ့က အဲဒါကို သဘောတူညီ တဲ့အကြောင်းကို လက်မှတ်ထိုးပြီးရင် မြို့ပေါ်မှာရှိတဲ့ သပိတ်ကော်မတီတွေ မြို့မိမြို့ဖတွေကို သူတို့က ဖြည့်စွက်ပြီး ဖြန့်ဝေပေးလိုက်တယ်။”

မတ်လ ၁၆ ရက်ကစပြီး ရခိုင်ပြည်နယ်အနှံ့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက သန်းခေါင်စာရင်းကောက်တဲ့အခါ ရိုဟင်ဂျာ ဆိုတာ ထည့်ခွင့် မပေးဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ရိုဟင်ဂျာ ဆိုတာ ထည့်ခွင့် မပေးပါဘူးလို့ မတ်လ ၂၁ရက် နောက်ဆုံးထား အကြောင်းပြန်ဖို့ စာရေးသားတောင်းဆိုခဲ့တာ အကြောင်း မပြန်လို့ မတ်လ ၂၃ ရက်လောက်က စပြီး သန်းခေါင်စာရင်း သပိတ်စတင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး တနိုင်ငံလုံး သန်းခေါင်စာရင်း စတင်ကောက်ယူတဲ့နေ့ မနက်ပိုင်းမှာမှ လိုက်လျောခဲ့တာလည်း ဖြစ်ပြီး မတ်လ ၃၁ ရက်မှာ စစ်တွေမြို့ပေါ် သန်းခေါင်စာရင်း ကောက်နိုင်မယ်လို့ မြို့ခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013