DVB Logo
Home
မြန်မာသတင်း
ပုဂံတွင် စစ်ကောင်စီက အင်အား ၁,၀၀၀ ကျော်အသုံးပြု လုံခြုံရေးတင်းကျပ်ချထား
DVB
·
June 29, 2022
ပုဂံတွင် စစ်ကောင်စီက အင်အား ၁,၀၀၀ ကျော်အသုံးပြု လုံခြုံရေးတင်းကျပ်ချထား
Donate to DVB

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံမှာ အခု ဇွန်လ တတိယပတ်က စတင်ကာ စစ်ကောင်စီက လက်နက်ကိုင် လုံခြုံရေးအင်အား ၁,၀၀၀ ကျော်လောက် ချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမှာ ကျင်းပဖို့ရှိနေသလို အာဏာသိမ်းစစ်ခေါင်းဆောင်ဟာလည်း ပုဂံမြို့ကို ဇူလိုင် ပထမပတ်ထဲမှာ သွားရောက်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

လုံခြုံရေးအင်အားချထားတာ များပြားတာကြောင့် မြို့ခံတွေ အပြင်မထွက်ရဲသလောက် ဖြစ်နေပြီး ဖမ်းဆီးခံရမှာလည်း စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရဲအင်အားက ၈၀၀ ကျော်လောက်ရှိမယ်။ စစ်သားကတော့ တပ်ရင်း ၈၈ ဘတ်တံဆိပ်နဲ့ ဝတ်စုံတွေနဲ့တွေ့တယ်။ အားလုံးဆို ၁,၀၀၀ ကျော်လောက်ရှိမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လုံခြုံရေးတွေကို မြို့နေ့ရာအနှံ့ ချထားသလို နန်းတော်ထဲမှာလည်း အင်အားအများအပြား ချထားကာ မြစ်ထဲမှာလည်း အင်အား ၂၀၀ ကျော် အသုံးပြုပြီး လုံခြုံရေးချထားတာရှိတယ်လို့ ဆိုပါတယ်။

ပုဂံမြို့မှာ အရင်က မဲခေါင်အစည်းဝေးကို နန်းတွင်းဟောထဲမှာ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ Aureum palace ဟိုတယ်မှာ အတွင်းစည်းရော အပြင်စည်းရော လုံခြုံရေးအင်အား ချထားတာတွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဂံမြို့ဟောင်းဘက်က နှစ်လမ်းသွားလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းတွေမှာ စည်ပင်က ထုံးသုတ်ပြီး သစ်ပင်တွေနဲ့ ခြံစည်းရိုးတွေကိုတော့ ပြည်သူတွေကို ထုံးသုတ်ခိုင်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လန်ချန်း-မဲခေါင် အစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ထားပြီး အစည်းအဝေးကို တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာ စတဲ့ ၅ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာလည်း အစည်းအဝေးတက်ဖို့ အခုသီတင်းပတ်အကုန်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013