
မန္တလေးအရွေ့လို့ နာမည်ပေးထားတဲ့ စာပေဟောပြောပွဲကို မန္တလေးမြို့၊ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမမှာ မတ်လ ၂၈ နဲ့ ၂၉ ရက်တို့မှာ ၂ ရက်တိုင် ကျင်းပပြုလုပ်နေပြီး မန္တလေးဒေသခံ စာရေးဆရာ ၇ ဦးတို့ ဟောပြောခဲ့ပါတယ်။
စာရေးဆရာတွေဖြစ်ကြတဲ့ ကိုလေး(အင်းဝ)၊ ဆူးငှက်၊ ညီပုလေး၊ ညိုထွန်းလူ၊ ကျော်ရင်မြင့်၊ နေ၀င်းမြင့်၊ ခင်ခင်ထူး တို့က မန္တလေးယဉ်ကျေးမှုအရွေ့၊ မန္တလေးသင်္ကြန်အရွေ့၊ မန္တလေးကဗျာအရွေ့ စသဖြင့် ကဏ္ဍခွဲပြီး ဟောပြောခဲ့ကြတာ ဖြစ်ပါတယ်။
မန္တလေးမြို့ခံ စာရေးဆရာတွေ အမြောက်အမြား အခုလို တစုတဝေးထဲ ဟောပြောခဲ့ကြတာ ပထမဆုံးဖြစ်ပြီး မတ်လ ၂၈ရက်ည ဟောပြောပွဲကို ပရိသတ်ခန်းလုံးပြည့် တက်ရောက် နားထောင်ခဲ့ကြတယ်လို့ မန္တလေးမြို့က အယ်ဒီတာ ကိုစန်းယုကျော်က ပြောပါတယ်။











