DVB Logo
Home
မြန်မာသတင်း
ရခိုင်အစိုးရကိုပါ စုံစမ်းစစ်ဆေးဖို့ သမ္မတ တာဝန်ပေး
DVB
·
March 29, 2014
ရခိုင်အစိုးရကိုပါ စုံစမ်းစစ်ဆေးဖို့ သမ္မတ တာဝန်ပေး
Donate to DVB

သမ္မတဦးသိန်းစိန်က ရခိုင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခုဖွဲ့စည်းပေးလိုက်ပြီး ရခိုင်ပြည်နယ်အစိုးရ အဓိက တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့လည်း အဲ့ဒီအဖွဲ့ကို တာဝန်ပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ ရက်ညပိုင်းနဲ့ မတ်လ ၂၇ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို အဖွဲ့ရုံးတွေကို အကြမ်းဖက်ဖျက်စီးခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေနဲ့ ပြစ်မှုကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့ဖွဲ့စည်းပေးခဲ့ပြီး အခုလို အုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုပါ စုံစမ်းစစ်ဆေးဖို့ ထူးထူးခြားခြား တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_53970" align="alignleft" width="300"]ဓာတ်ပုံ - April Maung Maung ဓာတ်ပုံ - April Maung Maung[/caption]စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က သမ္မတရဲ့ အခုလို အစိုးရအဖွဲ့ကိုပါ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးတာကို သဘောတူပြီး ရခိုင် အစိုးရဟာ လုပ်ရည်ကိုင်ရည် အားနည်းတယ်လို့ ပြောပါတယ်။

“သဘောတူပါတယ်။ ကိုင်တွယ်မှုအပိုင်းတွေက တော်တော်ကို အားနည်းတဲ့ သဘောမျိုးပါ။ အခုကိစ္စမှာလည်း အဲဒီလိုမျိုးပါပဲ။ အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်မှုကတော့ တော်တော်ကို လျော့တိလျော့ရဲပါ။ သူတို့အစိုးရအဖွဲ့မှာ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးရင် အတွေ့အကြုံ မရှိသေးတာက တခုလည်း ပါမယ်။ အဲဒီမှာ ကိုင်တွယ်တဲ့ ပြောမယ်ဆိုရင် ပြည်နယ်အစိုးရဲ့ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းကလည်း အတိုင်းအတာတခုအထိ နည်းတယ်လို့ပဲ သုံးသပ်မိတာပေါ့။ တော်တော်များများ ကိစ္စတွေမှာလည်း ကြုံတွေ့ ရတဲ့အပိုင်းက အဲဒီလို ဖြစ်နေတယ်။”

ရခိုင်စုံစမ်းရေးအဖွဲ့ကို နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ပြီး အဖွဲ့ရဲ့ အစီရင်ခံစာကို ဧပြီလ ၇ ရက်မှာ သမ္မတထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်ပါတယ်။

မတ် ၂၆ ရက်နဲ့ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော လူအုပ်စုဖြင့် တိုက်ခိုက်မှုအတွင်း သေနတ်ကျည် မတော်တဆ ထိမှန်တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှု ၃၅ ကြိမ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013