DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ်မွှေနှောက်ဖျက်ဆီး၊ ဖောကားတစီး မီးရှို့ခံရ
DVB
·
June 26, 2022
ပေါက်မြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ်မွှေနှောက်ဖျက်ဆီး၊ ဖောကားတစီး မီးရှို့ခံရ
1 / 3
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုးပြီး တရွာဝင်တရွာထွက်မွှေနှောက်က ဖောကားတစီးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပေါက်မြို့နယ်တောင်ပိုင်းကို ဇွန် ၁၆ ရက်နေ့ကတည်းက စစ်(...)၊ ပျူ(...) အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးပြီး တရွာဝင် တရွာထွက်မွှေနှောက်နေတာဗျ။ ကျနော်တို့ ဒေသခံတွေလည်း သူတို့ဝင်လာကတည်းက ဘေးလွတ်ရာကို ထွက်ပြေးပြီး တောထဲတွေမှာ ဖြစ်သလို နေနေကြရတယ်” လို့ ကျောက်ခွက်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အိုင့်ကျယ်ရွာမှာ ညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ် ဇွန် ၂၆ ရက်နေ့ မနက် ၈ နာရီလောက်မှာ ကျောက်ခွက်ရွာနား စစ်ရှောင်တဲက ဖောကားတစီးကို မီးရှို့ဖျက်ဆီးပြီး ရွာထဲက နေအိမ်တွေကို တအိမ်တက်ဆင်းဝင်မွှေကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို စိတ်ကြိုက် ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးပြီး ဆန်ရိက္ခာတွေနဲ့ သီးနှံမျိုးစေ့တွေအပါဝင် ပရိဘောဂ ပစ္စည်းတွေကို ရစရာမရှိအောင် ရိုက်ချိုးဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နေ့လယ် ၁၂ နာရီလောက်မှာ မြေနီရွာထဲကို ဝင်သွားပြီး နေအိမ်တွေကို ဖောက်ထွင်းမွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူနေကြတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မြိုင်အခြေစိုက် ဝံပု​လွေ ပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဝန်ပုလွေ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပေါက်မြို့နယ် သရက်ကန်ရွာမှာအင်အား ၁၀၀ ကျော်လောက်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၂၅ ရက်နေ့ ည ၉ နာရီလောက်မှာ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ရဲ့တာဝန်ခံက ပြောပါတယ်။

“အဲဒီစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်လောက် တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ၁၂၀ မမ၊ ၁၀၀ မမ လက်လုပ်လက်နက်ကြီးတွေနဲ့ ၁၀ ချက်လောက်ပစ်ခတ်ရာမှာ စစ်(...) တစယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်။ သူတို့ဘက်‌ကလည်း လက်နက်ကြီးနဲ့ ၂ ချက်လောက်ပြန်ပစ်ပေမယ့် ကျာ်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ နာရီဝက်လောက်အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် သရက်ကန် ရဲကင်းစခန်းကို ဇွန် ၂၅ ရက်နေ့ကလည်း  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားလို့ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် မြိုင်မြို့နယ်က ပြည်သူ ၂၀,၀၀၀  လောက်၊ ပေါက်မြို့နယ်က ပြည်သူ ၂၀,၀၀၀ နီးပါးလောက်၊ ပခုက္ကူမြိုနယ်က ပြည်သူ ၉,၀၀၀ လောက်၊ ရေစကြိုမြို့နယ်က ပြည်သူ ၇,၀၀၀ ကျော်နဲ့ ဆိပ်ဖြူမြို့နယ်က ပြည်သူ ၆,၀၀၀ ကျော်နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး မိုးကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအကူညီ အပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့မေလ တစ်လအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013