DVB Logo
Home
မြန်မာသတင်း
ပြည်သူထောက်ပံ့လှူဒါန်းသည့် လက်နက်များ ရောက်ရှိပြီဟု တမူးပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
June 26, 2022
ပြည်သူထောက်ပံ့လှူဒါန်းသည့် လက်နက်များ ရောက်ရှိပြီဟု တမူးပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်
Donate to DVB

ပြည်သူလူထုက ထောက်ပံ့လှူဒါန်း‌ပေးတဲ့ လက်နက်တွေ ရောက်ရှိခဲ့ပြီလို့ တမူးမြို့အခြေစိုက် တမူးပြည်သူ့ရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်ဝယ်ယူရတာခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတာဖြစ်ပြီး အခုတော့ လက်နက်တွေ ရောက်ရှိလာပြီလို့ Fighter Police CDM Tamu က ဆိုပါတယ်။

"Fighter Police CDM Tamu အတွက် အလှူရှင်များမှ လှူဒါန်းသော M16A1 တလက် ကျည် ၁၀၀၊ AK 47 တလက် ကျည် ၁၀၀ တို့ရောက်ရှိလာပါပြီဗျ၊ အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ပါတယ်။"

ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းကြဖို့နဲ့  စစ်အာဏာရှင်ကျဆုံးရေးအတွက် အစွမ်းကုန်တော်လှန်သွားမယ်လို့ တမူး PDF က ဆိုပါတယ်။

လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့ တမူး PDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားကိုလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ဆင်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန် ၂၂ ရက်နေ့ကစပြီး ကလေး-တမူး လမ်းကြောကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ တမူး PDF က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013