DVB Logo
Home
မြန်မာသတင်း
ကားဈေးနှုန်း ကျဆင်း
DVB
·
March 29, 2014
ကားဈေးနှုန်း ကျဆင်း
Donate to DVB

ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က လာမယ့် ဧပြီလဆန်းကစပြီး လျှော့ချပေးတော့မှာ ဖြစ်လို့ ကားဈေးနှုန်းတွေ ကျပ်သိန်းပေါင်း ဆယ်ဂဏန်းကျော် ကျဆင်းနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကညနက လာမယ့် ဧပြီလဆန်းကစပြီး အင်ဂျင်ပါဝါ ၁၃၅၀ စီစီနဲ့အောက် ၃၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၁၃၅၁ ကနေ၂၀၀၀ စီစီ ၅၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ ကနေ ၅၀၀၀ စီစီ ၈၀ ရာခိုင်နှုန်း အသီးသီးပြောင်းလိုက်တဲ့အတွက် အရင်ကထက် ၂၀ ရာခိုင်နှုန်းစီ လျှော့ကျသွားပါတယ်။

[caption id="attachment_47198" align="alignleft" width="300"]ကားအရောင်းပြခန်းတခု ကားအရောင်းပြခန်းတခု[/caption]ဒီအကျိုးသက်ရောက်မှုကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးတွေက အသီးသီး ကျသွားတယ်လို့ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းက ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးအောင်သန်းဝင်းက ပြောပါတယ်။

MTC ကားအရောင်းစင်တာရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက မော်တော်ယာဉ် မှတ်ပုံတင်ခတွေကို အခုလို လျှော့ချလိုက်တဲ့အတွက် အမြင့်ကားတွေ ကိုင်တဲ့ ကားအရောင်း စင်တာ တွေကတော့ ဆုံးရှုံးမှုတွေ များနိုင်ပြီး ကျပ်သိန်း ၉၀ ၀န်းကျင်လောက်နဲ့ လူတိုင်း ကားအသစ် ၀ယ်စီးနိုင်တော့မယ်လို့ ပြောပါတယ်။

ကညနက မတ် ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ယာဉ်အသီးသီးအပေါ် ကောက်ခံတဲ့ မော်တော်ယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို ပြင်ဆင်လိုက်တဲ့ ကြေငြာချက်ကြောင့် မန္တလေး ကားဝယ်ရောင်းဈေးကွက်မှာ အရောင်းအ၀ယ်က မရှိသလောက် အေးသွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုသန့်စင်က ပြောပါတယ်။

အခု ပြင်ဆင်လိုက်တဲ့ နှုန်းထားတွေကြောင့် ကားဈေးကွက်မှာ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် မော်ဒယ်အမြင့်ကားတွေ နောက်ပိုင်း ပိုမိုဝင်ရောက်လာဖို့ ရှိပြီး ဈေးနှုန်းအရလည်း လူတိုင်းဝယ်စီးနိုင်တဲ့ အခွင့်အရေးတွေ ရရှိလာတော့မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013