DVB Logo
Home
မြန်မာသတင်း
အလယ်ပိုင်းတိုင်း စစ်ဆင်ရေးအထူးတပ်ဖွဲ့ လက်နက်ခဲယမ်းဝယ်ယူရန် USD ၃၀၀၀၀ ကမ်ပိန်း ပြုလုပ်
DVB
·
June 25, 2022
အလယ်ပိုင်းတိုင်း စစ်ဆင်ရေးအထူးတပ်ဖွဲ့ လက်နက်ခဲယမ်းဝယ်ယူရန် USD ၃၀၀၀၀ ကမ်ပိန်း ပြုလုပ်
Donate to DVB

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ နဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းပြီး လက်နက်ခဲယမ်းဝယ်ယူရန် USD ၃၀၀၀၀ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။ 

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “ကမ်ပိန်း စပြုလုပ်တာ ၄ ရက်ရှိပါပြီ။ ရက်ကန့်သတ်ထားတာမရှိပါဘူး။ လိုအပ်တဲ့ ငွေအမောက်ပြည့်တာနဲ့ ကမ်ပိန်းကို ရပ်နားလိုက်မှာပါ။ လက်ရှိအချိန်အထိ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရပါသေးတယ်။ ပြည်တွင်းနဲ့ ပြည်ပ အလှူရှင်တွေများစွာ လိုအပ်နေပါတယ်။ ဒီကမ်ပိန်းလေး ပြည့်မြောက်သွားအောင် တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ အလှူရှင်တွေဘက်​က ပါဝင်အားဖြည့်ပေးမယ်ဆိုရင် ကျနော်တို့အတွက် ပိုပြီးအားရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

​မြန်မာပြည်တွင်းမှာရှိတဲ့ အလှူရှင်တွေအနေနဲ့ Kpay၊ Wave  စတာတွေနဲ့ လှူဒါန်းနိုင်ပြီး အလှူငွေတွေကို CDM ဗိုလ်ကြီးညီသုတ ရဲ့ တရားဝင် Facebook page နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ တရားဝင် Facebook တို့မှာ သွားရောက်ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ 

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ဟာ ဖယ်ခုံမြို့ အရှ့ဘက်ကမ်း နဲ့ ဖရူဆိုမြို့နယ် တိုက်ပွဲတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013