DVB Logo
Home
မြန်မာသတင်း
ရှမ်းပါတီ ၂ ခု ပူးပေါင်းရေး ကျားဖြူပါတီဝင်များ နှုတ်ထွက်ဖိအားပေး
DVB
·
March 28, 2014
ရှမ်းပါတီ ၂ ခု ပူးပေါင်းရေး ကျားဖြူပါတီဝင်များ နှုတ်ထွက်ဖိအားပေး
Donate to DVB

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ကျားခေါင်း အမှတ်တံဆိပ် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ တပါတီတည်းအဖြစ် ပူးပေါင်းရေးအတွက် ဖိအားပေးတဲ့အနေနဲ့ ရာနဲ့ ချီတဲ့ ကျားဖြူပါတီအဖွဲ့ဝင်တွေ နှုတ်ထွက်ခဲ့ပါတယ်။

[caption id="attachment_54027" align="alignleft" width="300"]ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ဆွေးနွေးနေစဉ် ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ဆွေးနွေးနေစဉ်[/caption]ရှမ်းပါတီ ၂ ခု ပူးပေါင်းရေးအတွက် ဖိအားပေးတဲ့အနေနဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်က ကျားဖြူပါတီအဖွဲ့ဝင် တစ်ထောင်လောက် နှုတ်ထွက်ခဲ့တယ်လို့ မိုင်းတုံမြို့နယ် ကျားဖြူပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တထောင်လောက် နှုတ်ထွက်ပါတယ်ဗျ။ ဒီမတိုင်ခင် မတ်လ ၂၂ ရက်နေ့က ကျနော်တို့ မြို့နယ်ကော်မတီတွေ အစည်းအဝေးလုပ်ပါတယ် ပြီးတော့ ကွင်းဆင်းပြီး သဘောထားမေးတယ်။ အားလုံးက သဘောတူညီမှုရှိတယ်။ တချို့က ဖုန်းဆက်ပြီး နှုတ်ထွက်တယ်လို့ ပြောတယ်၊ ရှမ်းပါတီတွေ ပေါင်းစေချင်တယ်ပေါ့။ အရင်ကလည်း ပြောခဲ့ကြတာဘဲ။ တစောင်ထဲမှာ အားလုံးစုပြီး လက်မှတ်ထိုးတယ်။ မတ်လ ၂၆ ရက်က ပါတီဌာနချုပ်ကို စာတင်လိုက်ပါတယ်။”

သူ့အနေနဲ့ ရှမ်းတပါတီတည်း ပူးပေါင်းစေလိုတဲ့ ဆန္ဒရှိတဲ့အပြင် ကျားဖြူပါတီရဲ့ ၁၄ ပြည် ထောင်၊ ၁၄ ယူနစ် ပါတီမူဝါဒကို သဘောမတူဘဲ ၈ ပြည်ထောင်ကိုသာ ထောက်ခံတဲ့အတွက် နှုတ်ထွက်တာလို့လည်း သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို တောင်ကြီးမြို့ ကလပ်စစ် စားသောက်ဆိုင်မှာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ စိုင်းဝင်းမြတ်ဦးက ပြောပါ တယ်။
အဲဒီနေ့က သတင်းစာရှင်းလင်းပွဲမှာ ကျောက်မဲမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်နဲ့ မိုင်းရယ်မြို့နယ်က ပြည်နယ် လွှတ်တော်အမတ် စိုင်းစံဖေ ကလည်း ပါတီကနေ နှုတ်ထွက်ကြောင်း ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ ပါတီနှုတ်ထွက်စာအားလုံးကို မတွေ့ရှိသေးကြောင်း၊ ဒီမိုကရေစီနည်းအရ ဘယ်သူမဆို မိမိဆန္ဒအလျောက် ပါတီဝင်နိုင် ထွက်နိုင်ပါကြောင်း၊ ရှမ်းပါတီ ၂ ခုပူးပေါင်းရေးမှာတော့ ၂ ဘက်ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်း ထားပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013