DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်မည်
DVB
·
June 24, 2022
နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်မည်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇွန် ၂၃ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေတဦးကို စစ်ဆေးခဲ့ပြီး အမှုအတွက် ပြန်ခေါ်သုံးဦးလုံးကို စစ်ဆေးပြီးဖြစ်တဲ့အတွက် နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) လုပ်မယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိခဲ့ပေမဲ့လည်း အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံခေါင်းဆောင်အတွေအပေါ် စွဲဆိုထားတဲ့အမှုတွေကို ဇွန် ၂၃ ရက်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးမှာ  ပြောင်းရွှေ့ရုံးထုတ် စစ်ဆေးနေတာဖြစ်ပြီး ဇွန် ၂၂ ရက်နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။

အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦမှာ တဦးတည်းနေထိုင်ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ထောင်ဝင်စာတွေ့ခွင့် ရရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013