DVB Logo
Home
မြန်မာသတင်း
မတ် ၂၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်
DVB
·
March 28, 2014
မတ် ၂၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်
Donate to DVB

မတ် ၂၈ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။ ကျန် ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။

2805မတ် ၂၉ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်း အမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၂၉ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၈ လောက်ရှိနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ လွန်ကဲ အဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်ဘဲ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကို ရောက်နိုင်တဲ့အတွက် နေပူထဲ သွားလာတဲ့အခါမှာ အကာအကွယ်မဲ့ သွားလာခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မတ် ၂၉ ရက်နေ့အတွက် နေ့အပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မတ် ၂၉ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင် ပြည်နယ်မြောက်ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်း ထားပါတယ်။

မတ် ၂၉ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါ တယ်။

မတ် ၂၉ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထား တဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

မတ် ၂၉ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။

မတ် ၂၉ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။

မတ် ၂၉ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013