DVB Logo
Home
Lead Story
ရန်ကုန်အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိက လုပ်ခွင့်ပေးမည်
DVB
·
March 28, 2014
ရန်ကုန်အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိက လုပ်ခွင့်ပေးမည်
Donate to DVB
ရန်ကုန်မြို့တော် အမှိုက်သိမ်း လုပ်ငန်းကို မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက တာဝန်ယူ လုပ်ကိုင်နေရာကနေ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စား လုပ်ကိုင်လိုတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို တင်ဒါ ခေါ်ထားတယ်လို့ သန့်ရှင်းရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

india_plastic_ban_web_121006တင်ဒါ အဆိုပြုလွှာတွေကို လာမယ့် ဧပြီ ၃၀ နောက်ဆုံးထား တင်ပြရမှာဖြစ်ပြီး ပြည်သူတွေ ဆီကနေ ၀န်ဆောင်ခ အနည်းဆုံး ကောက်ခံဖို့ အဆိုပြုတဲ့ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ကနေ နေ့စဉ် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ပြီး၊ အဲဒီ အမှိုက်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ကိုလည်း ပြည်ပ ကုမ္ပဏီ နှစ်ခုက တင်ဒါ အောင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013