DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုရှိ အီရန် ကမ္ဘာ့ဖလားအသင်း လေ့ကျင့်ကွင်းအနီး ကားပါကင်၌ အလောင်းတွေ့
DVB
·
June 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မက္ကဆီကိုနိုင်ငံ တီအာဝါးနာမြို့ရှိ ကာလီမက်စ်ကုန်တိုက်ရဲ့ ကားပါကင်မှာ အိတ်အမည်းနဲ့ ထုပ်ပိုးထားတဲ့ ရုပ်အလောင်းတလောင်းကို ဇွန် ၁၂ ရက်က တွေ့ရှိခဲ့ပြီး အဲဒီနေရာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အမျိုးသားဘောလုံးအသင်း လေ့ကျင့်နေတဲ့ အားကစားကွင်းနဲ့ မီတာ ၃၀၀ တောင် မရှိတဲ့ အကွာအဝေးမှာ ရှိနေတာပါ။

ရဲတပ်ဖွဲ့ဟာ ဇွန် ၉ ရက်ကတည်းက ရပ်ထားတဲ့ မီးခိုးရောင် တိုယိုတာ ကားတစီးရဲ့ နောက်ဖုံးထဲမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီကားက ရပ်ထားတာ ရက်အတော်ကြာနေပြီဖြစ်လို့ Calimax စူပါမားကတ်က တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ကားပါကင်လုံခြုံရေးဝန်ထမ်း ရာဖေးလ် လိုပက်ဇ် က ပြောပါတယ်။

အဲဒီမော်တော်ယာဉ်ဆီကနေ ပြင်းထန်တဲ့ အနံ့အသက်ဆိုးတွေ ထွက်လာတာကြောင့် စူပါမားကတ်ဝန်ထမ်းတွေကတဆင့် ရဲတပ်ဖွဲ့ကို ဆက်လက်အကြောင်းကြားခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးခဲ့တာလို့လည်း ဆိုပါတယ်။ 

ဘာဟား ကယ်လီဖိုးနီးယားပြည်နယ် အစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူရဲ့ ရုပ်အလောင်းမှာအကြမ်းဖက်ခံထားရတဲ့ ဒဏ်ရာလက္ခဏာတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ရုပ်အလောင်းတွေ့ရှိမှုဟာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေတဲ့ အီရန်အသင်းရဲ့ အစီအစဉ်တွေ ကမောက်ကမ ဖြစ်နေရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လုံခြုံရေးအကြောင်းပြချက်ကြောင့် အီရန်ဘောလုံးအဖွဲ့ချုပ်က အဖွဲ့ဝင် ၁၅ ယောက်ကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့တာကြောင့် အီရန်အသင်းဟာ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းကို အရီဇိုးနားကနေ တီအာဝါးနာ မြို့ဆီ နောက်ဆုံးမိနစ်ကျမှ အပြောင်းအလဲ လုပ်ခဲ့ရတာပါ။

အီရန်ကမ္ဘာ့ဖလားအသင်း ကြီးကြပ်မှူး မာဒီမိုဟာမက်နာဘီက သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတပွဲမှာ အခုလို "ညှိနှိုင်းဆောင်ရွက်မှု အားနည်းလွန်းတာမျိုး" တခါမှ မကြုံဖူးဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အီရန်အသင်းဟာ လော့စ်အိန်ဂျလိစ်မြို့ပြင်မှာ တနင်္လာနေ့ကျရင် ကမ္ဘာ့ဖလား အုပ်စု (G) ပွဲဦးထွက်အဖြစ် နယူးဇီလန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013