DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင် ကြေးနီစီမံကိန်းကို ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
DVB
·
June 22, 2022
လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင် ကြေးနီစီမံကိန်းကို ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ရှိ ဝမ်ပေါင်တရုတ်ကုမ္ပဏီရဲ့  ကြေးနီစီမံကိန်းကို ဇွန် ၂‌၁ ရက် နေ့လယ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Salingyi Revolution Army ( SRA ) က ထုတ်ပြန်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီစီမံကိန်းရှိရာဘက်ကို ၆၀ မမ ၊ ၁၂၀ မမ တို့နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ကုမ္ပဏီကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

SRA တပ်ဖွဲ့တာဝန်ရှိသူက “လက်နက်အင်အားချင်းညီမျှရင် ဒီထက်ထိရောက်အောင် တိုက်ခိုက်နိုင်တယ်။ ကျနော်တို့မှာ မောင်းပြန်ဆိုလို့ တလက်ပဲပါတယ်။ လက်နက်ငယ်ဆိုလို့ အဲ့ဒါပဲ အဓိကထားပစ်ခတ်ခဲ့ရတာ။  ရန်သူအထိခိုက်အကျဆုံးကို စုံစမ်းဆဲပါ။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျဆုံးမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ CDF နဲ့ SRA မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက မိုးကြိုးပြင် (မြောက်)ရွာကိုလည်း အဲ့ဒီနေ့  မနက်ပိုင်းက စတင်ဝင်ရောက်ကာ ညနေချိန်အထိ ‌နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့်  ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကြေးနီစီမံကိန်းကို ပြန်လည်ဆက်လက်လည်ပတ်မယ်ဆိုပါက တိုက်ခိုက်အရေးယူမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအတွင်း အင်အားဖြည့်တင်းကာ တပ်စွဲထားတယ်လို့ သိရပါတယ်။

Video - ဝမ်ပေါင်ကြေးနီစီမံကိန်းကို ပစ်ခတ်တိုက်ခိုက်စဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013