DVB Logo
Home
Lead Story
သတင်းသမားများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး ပါကစ္စတန်နိုင်ငံ
DVB
·
March 27, 2014
သတင်းသမားများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး ပါကစ္စတန်နိုင်ငံ
Donate to DVB

ပါကစ္စတန်နိုင်ငံဟာ သတင်းသမားများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံနိုင်ငံ ဖြစ်နေတုန်းပဲလို့ နယ်စည်းမခြား သတင်းထောက်များ မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

၂၀၀၀ ခုနှစ် ကတည်းက သတင်းသမား ၉၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီနှစ်မှာဆိုရင် မီဒီယာဌာန ၄ ခု တိုက်ခိုက်ခံခဲ့ရပါတယ်။ လတ်တလော တိုက်ခိုက်ခံရတဲ့ Express Media Group မှာတော့ ၀န်ထမ်းသုံးယောက် ပျောက်ဆုံးနေတာပါ။

Pakistan_Media_Attack_web_140322_672Express News Television က ဂျာနယ်လစ်တွေအတွက်တော့ ပုံမှန်လုပ်ငန်းပါ။ ဒါပေမယ့် အချို့သော အထူး ကြိုတင်သတိပေး ချက်တွေကိုလည်း သတင်းခန်းမှာ ရှင်းရှင်းလင်းလင်း ထားပါတယ်။ သစ်သားနံရံတွေ နေရာမှာလည်း မှန်နံရံချပ်တွေနဲ့ အားလုံး အစားထိုးထားပြီး အဆောက်အဦ ပတ်ပတ်လည်မှာလည်း သဲအိတ်တွေ အထပ်လိုက် နေရာချထားပါတယ်။

ရုံးချုပ်အကြီးအကဲ မူဟမ်မဒ် အက်စ်လာမ် ခန်က သူတို့ဘာကြောင့် အထူးကို သတိဝီရိယ ထားနေရတယ်ဆိုတာကို ခုလိုရှင်းပြပါတယ်။

“အစောပိုင်းတုန်းကတော့ ဂျာနယ်လစ်တွေအတွက် အန္တရာယ် ရှိတဲ့နေရာက မြောက်ပိုင်း-အနောက်ဘက်က လူမျိုးစုတွေရဲ့နယ်မြေပေါ့။ ဒါပေမယ့် ခုတော့ မြို့တော် ကရာချိမှာတောင် မီဒီယာဌာနတွေ တိုက်ခိုက်ခံနေရပါပြီ။ သူတို့ရုံးတွေဆို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတော့ သတင်းထောက်တွေကိုလဲ သေနတ်တွေနဲ့ ချိန်ထားကြတာ။”

ဒီနှစ် ဇန်န၀ါရီလမှာ တာလီဘန် စစ်သွေးကြွတွေက ကရာချိရဲ့ လူစည်ကားရှုပ်ထွေးတဲ့ ရပ်ကွက်ထဲမှာ သူတို့ရဲ့ဗင်ကားကို တိုက်ခိုက်ခဲ့ပါတယ်။ ချောင်းမြောင်းတိုက်ခိုက်ခံရလို့ ဗင်ကားရဲ့ရှေ့ခန်းမှာ ထိုင်နေကြတဲ့ ၀န်ထမ်း ၃ ယောက်လုံး သေဆုံးခဲ့ရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း Express media Group ကို တတိယအကြိမ်မြောက် အသေတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ရဲဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်းပါပဲ။

အက်စ်လာမ်ခန်ကတော့ ဒါဟာ ရည်ရွယ်ပြီးတော့ တိုက်ခိုက်တာလို့ ယူဆထားပါတယ်။ “တယောက်ယောက်က ထုတ်ပြန်စေချင်တဲ့ သတင်းကို မထုတ်လိုက်ဘူးဆိုရင် ခင်ဗျားကို မှတ်ထားလိုက်ပြီ။ နောက်ပြီး တခြားသူတွေက သူတို့ မထုတ်စေချင်တဲ့ သတင်းကို ထုတ်လိုက်ရင်လည်း ခင်ဗျားကို တိုက်ခိုက်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် တင်းကျပ်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေက ကိုယ့်ရုံးဌာနကို အကာအကွယ်ပေးမှာပါ။ အဆုံးစွန်ပြောရရင် ကွင်းထဲဆင်း သတင်းယူရမယ့် သတင်းထောက်တွေပေါ့။ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးက လူတယောက်ချင်းစီကို လိုက်စောင့်ရှောက်ပေးနိုင်တာ မဟုတ်ဘူးလေ။”

ကရာချိဟာ ပါကစ္စတန်နိုင်ငံရဲ့မီဒီယာ ဆုံရပ်ဖြစ်ပြီး သတင်းစာတိုက်၊ ရေဒီယိုဌာနနဲ့ တီဗွီ ရုပ်သံလိုင်းတွေ ရာနဲ့ချီပြီး ရှိပါတယ်။ ဒီနှစ် ဇန်န၀ါရီလကတည်းက ကရာချိက မီဒီယာရုံး ၄ ရုံး တိုက်ခိုက်ခံခဲ့ရပါတယ်။

လတ်တလော တီဗွီမှာ တိုက်ရိုက်စကားဝိုင်း အစီအစဉ်အတွင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က တယ်လီဖုန်းကနေ ၀င်ရောက်ပြောကြားပြီး  မီဒီယာမြှင့်တင်ရေး ဆိုတာဟာ ပြည်သူတွေအကြောင်း အနောက်တိုင်းသုံးသပ်ချက်ကို ခေါ်တွင်တာပဲလို့ စွပ်စွဲပြောဆိုထားပါတယ်။

တာလီဘန်တွေ မီဒီယာရုံးတွေကို တိုက်ခိုက်လာတာ ဒါ ပထမဆုံးအကြိမ်ပဲလို့ တက္ကသိုလ်ဆရာကနေ ဂျာနယ်လစ်တယောက် ဖြစ်လာသူ ဟူမာ ဘာခိုက်အစ် က ပြောပါတယ်။

“ခြိမ်းခြောက်ခံရတာက ဂျာနယ်လစ်တွေတင်ပဲ မဟုတ်ဘူးလေ။ မီဒီယာဌာနတွေကိုရောပါပဲ။ တာလီဘန်တွေ ထုတ်ပြန်တဲ့ လာတ်တလော ထိခိုက်တဲ့ စာရင်းတွေမှာ ပြထားတာတော့ မီဒီယာဌာနပိုင်ရှင်တွေနဲ့ ဂျာနယ်လစ်တွေရဲ့ နာမည်တွေ ပါတယ်။”

အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံတို့ပြီးရင် ပါကစ္စတန်နိုင်ငံဟာ ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲမှာ သူတို့စာရင်းထဲအရ အဆင့် ၃ လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က သတ်မှတ်ထားပါတယ်။

လတ်တလောမှာ ဂျာနယ်လစ်တွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတခု ကျင်းပပြီး အစိုးရအနေနဲ့ ဂျာနယ်လစ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ အလုပ်ခွင်ဝန်းကျင် နေရာတခု ဖန်တီးပေးဖို့ တောင်းဆိုရင်း ခုတလော တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ကြပါတယ်။

ကရာချိ သတင်းစာ ကလပ်မှ အတွင်းရေးမှူး အာမီယာ လာတိဖှ်က ခုလိုပြောပါတယ်။

“အကြမ်းဖက်တယ်လို့ ခေါ်ကြတဲ့ စစ်ပွဲကို ပါကစ္စတန်က ၀င်ပါတဲ့နေ့ကနေ ဆယ်စုနှစ် တစ်ခုလောက်ကို ဒီမှာ  ဂျာနယ်လစ်တွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေရဲ့ ကြီးလေးမှုအတိုင်းအဆကို ခင်ဗျားတို့ ဖြေရှင်းပေးနိုင်မှာပါ။ ဒါကြောင့် အမှန်အတိုင်း ပြောရရင် ဒီက ဂျာနယ်လစ်တွေဟာ ဒီအကြမ်းဖက်စစ်ပွဲရဲ့ အဆိုးဝါးဆုံး ဒုက္ခခံရသူတွေပါ။”

ပါကစ္စတန်အစိုးရကတော့ မီဒီယာအတွက် လုံခြုံရေး အာမခံပေးဖို့ သူတို့တွေ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ ဘယ်လိုအကြမ်းဖက်မှုမျိုးမဆို အစီရင်ခံဖို့ ဂျာနယ်လစ်တွေအတွက် အရေးပေါ် တိုက်ရိုက်ဖုန်းလိုင်းတွေ ထောင်ပေးထားပါတယ်။ ခရိုင်ပြည်နယ်အားလုံးက ရဲချုပ်တွေကိုလည်း သက်ဆိုင်ရာနယ်မြေတွေက ဂျာနယ်လစ်တွေကို အကာအကွယ်ပေးဖို့ အမိန့်ထုတ်ထားပါတယ်။

ဒါပေမယ့် ဒီဆောင်ရွက်ချက်တွေဟာ ဂျာနယ်လစ်တွေအတွက် ခြိမ်းခြောက်မှုတွေကို တားဆီးပေးနိုင်လိမ့်မယ် ဆိုတာကိုတော့ အတွေ့အကြုံများနေပြီဖြစ်တဲ့ သတင်းသမား အက်စ်လာမ်ခန်က အယုံအကြည် မရှိသလောက်ပါပဲ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှာဒီခန် ဆေအိဖှ်နဲ့ နာအီးမ် ဆာဟိုတာရာ တို့က ပါကစ္စတန်နိုင်ငံ၊ ကရာချိကနေ သတင်းပေးပို့ခဲ့တာပါ။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013