
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အီရန်နိုင်ငံကို ဆန်ရှင် ပြန်လည်ချမှတ်တာကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး အမေရိကန်ရေးဆွဲတဲ့ လုံခြုံရေးကောင်စီ ဖြေရှင်းချက် မူကြမ်းကို ပယ်ချကြောင်း မဲပေးခဲ့ပါတယ်။
နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အီရန်ကို ဆန်ရှင်တိုးမြှင့်ဖို့ စောင့်ကြည့်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တိုးချဲ့ရေး ဥပဒေကြမ်းကိုလည်း ကုလသမဂ္ဂ တရုတ်နိုင်ငံကိုယ်စားလှယ် ဖူချောင်က ကန့်ကွက်ခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး တရားမျှတမှုတွေ လက်ကိုင် ထားရမယ်လို့ ဖူချောင်က ဆိုသလို အီရန် နျူကလီးယားအရေးကို ကမ္ဘာ့နိုင်ငံရေးနဲ့ သံတမန်ရေးအရ ဖြေရှင်းဖို့ တရုတ်က လိုလားပြီး အမေရိကန်ရဲ့ ဖြေရှင်းရေးမူကြမ်းကို တရုတ်က ဆန့်ကျင်မဲ ပေးထားပါတယ်။
အီရန်နျူကလီးယားကိစ္စ ပူးတွဲဆောင်ရွက်မဲ့ အစီအစဉ် JCPOA ရဲ့ သက်တမ်းဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီး လုံခြုံရေးကောင်စီက အဲဒီကိစ္စကို စဉ်းစားဖို့ အဆုံးသတ်ခဲ့တယ်လို့ ဖူချောင်က ပြောထားပါတယ်။
ဒီအချက်တွေကို လျစ်လျူရှုပြီး အီရန်ကို ဆန်ရှင်တွေ ထပ်ချဖို့ အငြင်းပွားဖွယ်မူကြမ်း တင်သွင်းမှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းလုံးမှုနဲ့ ယုံကြည်စိတ်ချရမှုကို ပျက်ပြားစေတဲ့အကြောင်း၊ သံတမန်ရေး ကြိုးပမ်းမှုတွေကို ပျက်ပြားစေဖို့ ဖန်တီးတာကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ဖူချောင်က ပြောပါတယ်။
စစ်ရေးအရ အရေးယူတာ၊ ဆန်ရှင်တွေ တိုးမြှင့်တာက အခြေအနေတွေကို ပိုဆိုးစေတယ်လို့ ယုံကြည်ပြီး ဆွေးနွေးညှိနှိုင်းမှုကသာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ စောင့်ကြည့်ရေးအဖွဲ့ရဲ့ သက်တမ်းတိုးဖို့ ကုလလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
အမေရိကန်က တင်သွင်းတဲ့ မူကြမ်းကို ၁၁ နိုင်ငံက မဲပေးပြီး ၂ နိုင်ငံက ဆန့်ကျင်ကာ ၂ နိုင်ငံက ကြားနေခဲ့ကြတာပါ။
ဆန့်ကျင်မဲပေးတဲ့ ၂ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source:Reuters











