DVB Logo
Home
မြန်မာသတင်း
စစ်တွေ အိုင်အန်ဂျီအိုရုံးများကို မြို့ခံရာချီ ခဲဖြင့်ဝိုင်းပေါက်
DVB
·
March 27, 2014
စစ်တွေ အိုင်အန်ဂျီအိုရုံးများကို မြို့ခံရာချီ ခဲဖြင့်ဝိုင်းပေါက်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) ရုံးတွေကို ရာနဲ့ချီတဲ့ မြို့ခံတွေက မတ် ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်နေတယ်လို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

[caption id="attachment_53945" align="alignright" width="300"]မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် (ဓာတ်ပုံ - April Maung Maung) မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် (ဓာတ်ပုံ - April Maung Maung)[/caption]

“အန်ဂျီအိုတွေ ငှားထားတဲ့ အိမ်တွေပေါ့နော်။ သူတို့ ကတော့ အကြိမ်ကြိမ်ခေါ်ပြီး ဒါတွေကိုမငှား ပါနဲ့လို့ မေတ္တာရပ်ခံ ထားတယ်တဲ့။ အခုငှားထားတဲ့အိမ်တွေ ၃ နေရာလောက်ကို လမ်းတွေ ပိတ်ချတယ်။ လူအင်အား ၁၀၀ လောက်ရှိမယ့် အဖွဲတွေက ၃ နေရာလောက်ခွဲပြီး ခဲနဲ့ ထုကြတာ။ ကျနော်တို့လည်း မကပ်နိုင်ပါဘူး၊ အဝေးကပဲ လမ်းပိတ်ထားတာ မြင်ရတာ။”

ရဲတပ်ဖွဲ့ဝင် အင်အားနည်းတာကြောင့် ခဲနဲ့ ပေါက်နေတာကို မဟန့်တားနိုင်ဘဲ နောက်ထပ် လူတွေ ၀င်မလာနိုင်အောင် လမ်းပိတ်ဆို့ထားတာ တွေ့ခဲ့ရတယ်လို့လဲ ပြောပါတယ်။

မတ် ၂၆ ရက် ညပိုင်းမှာလည်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ထဲမှာ အိုင်အန်ဂျီအိုတခုက နိုင်ငံခြားသူတဦးဟာ သာသနာ့အလံကို ဘောင်းဘီကြားထဲ ညှပ်တာ တွေ့မြင်ပြီး အဲဒီ အိုင်အန်ဂျီအိုရုံးကို ရာနဲ့ချီတဲ့လူအုပ်က ခဲတွေနဲ့ ၀ိုင်းပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က အိမ်တွေမှာ အခုရက်ပိုင်းအတွင်း သာသနာ့အလံတွေ လွှင့်တင်ထားပြီး သန်းခေါင်စာရင်း ကောက်တဲ့အခါ ရိုဟင်ဂျာလူမျိုး နာမည် ထည့်သွင်းခွင့်ပေးမှာကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ရခိုင်ပြည်နယ်ထဲ အိုင်အန်ဂျီအိုအဖွဲ့တွေ ထွက်ခွာသွားဖို့ ရခိုင်တိုင်းရင်းသားတွေက အဆက်မပြတ် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပြီး မကြာသေးခင်ကတော့ ရခိုင်ပြည်နယ်ကနေ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ထွက်ခွာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013