DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ငြိမ်းချမ်းရေးThe Elders အဖွဲ့ စိတ်ဝင်စား
DVB
·
March 27, 2014
ကချင်ပြည်နယ် ငြိမ်းချမ်းရေးThe Elders အဖွဲ့  စိတ်ဝင်စား
Donate to DVB

ကမ္ဘာ့ခေါင်းဆောင်များနဲ့ ဖွဲ့စည်းထားတဲ့ The Eldersအဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီး ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပေါ် စိတ်ဝင်စားမှု ရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

[caption id="attachment_53939" align="alignright" width="300"]u thein sein သမ္မတ ဦးသိန်းစိန်နှင့် The Elders အဖွဲ့[/caption]

နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဂရို့ ဟာလန့် ဘရုန်လန့်ဒ် (Gro Harlem Brundtland) နဲ့ ဖင်လန် သမ္မတဟောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာလ်တီ အန်တီဆာရီ (Martti Ahtisaari) တို့ ဦးဆောင်တဲ့ The Elders အဖွဲ့နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ မနက်ပိုင်း က မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

 ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ၁ နာရီနီးပါးတွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်တွေရဲ့ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

The Elders အဖွဲ့အနေနဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပြီး မတ် ၂၄ ရက်နေ့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပြီး ကချင်ပြည်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

The Elders အဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များမှာ ပူးပေါင်းပါဝင်လိုပြီး ကချင်ပြည်နယ် ခရီးစဉ်ကို သွားရှိတာက ကောင်းမွန်တဲ့အချက်တခု ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင် မခေါန်ဂျာက ပြောပါတယ်။

The Elders အဖွဲ့မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်ပြီး ၂၀၀၇ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ဖူးပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ပြီး လွှတ်တော်အမတ် ဖြစ်ခဲ့တဲ့အတွက် လက်ရှိမှာတော့ ပါဝင်ခြင်းမရှိတော့ပါဘူး။

The Elders အဖွဲ့ဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာလည်း အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013