DVB Logo
Home
Lead Story
၉ ကြိမ်မြောက် လွှတ်တော်တွင်း ဥပဒေကြမ်း ၂၁ ခု အတည်ပြုနိုင်ခဲ့
DVB
·
March 27, 2014
၉ ကြိမ်မြောက် လွှတ်တော်တွင်း ဥပဒေကြမ်း ၂၁ ခု အတည်ပြုနိုင်ခဲ့
Donate to DVB

ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပခဲ့ပြီး မတ် ၂၆ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့  ၉ ကြိမ်မြောက် လွှတ်တော်အတွင်း ဥပဒေ ၂၁ ခု ရေးဆွဲ ပြင်ဆင် အတည်ပြုနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

parliment wide viewလွှတ်တော်ကျင်းပခဲ့တဲ့ တချို့နေ့ရက်တွေမှာ တရက်တည်း ဥပဒေကြမ်း ၃ ခု လောက်အထိ အတည်ပြုနိုင်ခဲ့ပြီး သမ္မတက အဆောတလျင် အတည်ပြုပေးဖို့ မေတ္တာရပ်ခံ ခဲ့တဲ့ ဥပဒေကြမ်း ၂ ခုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

လွှတ်တော် ၂ ရပ် သဘောထား ကွဲခဲ့ကြတဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်းတို့လို ဥပဒေကြမ်းတွေလည်း အတည်ပြုနိုင်ခဲ့တဲ့ထဲ ပါပါတယ်။

ပထမအကြိမ် လွှတ်တော်အစည်းအဝေးကနေ အခု ၉ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ပြီးဆုံးချိန်အထိ ဥပဒေပေါင်း ၉၃ခု အတည်ပြုနိုင်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013