DVB Logo
Home
မြန်မာသတင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲများ ဂျပန်နိုင်ငံ မြို့ကြီးများတွင် ကျင်းပ
DVB
·
June 19, 2022
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲများ ဂျပန်နိုင်ငံ မြို့ကြီးများတွင် ကျင်းပ
1 / 12
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်မြောက် မွေးနေ့ပွဲနဲ့ မြန်မာပြည် စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက်ဆုတောင်းပွဲတွေကို ဂျပန်နိုင်ငံ တိုကျိုမြို့အပါအဝင် မြို့ကြီးအသီးသီးမှာ ဇွန်လ ၁၉ ရက်က ကျင်းပပါတယ်။

တိုကျို၊ နဂိုယာ၊ အိုခယမ၊ ရှီဇူအိုခ၊ ယိုကိုဟားမား စတဲ့ မြို့တွေမှာ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံသားတွေ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရှီဇုအိုခခရိုင် Gotenba ငြိမ်းချမ်းရေးစေတီမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်နံ မြမာပြည်လွတ်မြောက်ရေးအတွက် ဘုန်းတော်ကြီးတွေကို စုပေါင်းဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

နာဂိုယာမြို့ မေတ္တာဓိကစေတီတော်မှာလည်း ဂျပန်သီလရှင်ဘုန်းတော်ကြီး မာဂျီမဂျိုးခေးအိစံ ဦးဆောင်ကာ မွေးနေ့ကိတ်ကပ်လှူကြပြီး မိုးပျံပူဖောင်း ၇၇ ခု လွှင့်တင်ကာ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတတယ်။

တိုကျိုမြို့မှာတော့ စုပေါင်းသွေးလှူတာနဲ့ ငါးလွှတ်တာတွေအပါအဝင် တော်လှန်မွေးနေ့ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ ယိုကိုဟာမားမြို့အနီးရှိ နာဂဟာယ ငြိမ်းချမ်းရေးပန်းခြံမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

ဒီပွဲကိုရောက်လာတဲ့ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းက “ဒီနေ့မနက်က ကျနော်တို့ ရှီဇူအိုခခရိုင်က ကမ္ဘာ့ငြိမ်းချမ်းရေးစေတီမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခဲ့ကြပါတယ်။ တခြားဒေသတွေမှာလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဒေသအသီးမှာ ကျင်းပနေကြပါတယ်”လို့ပြောပါတယ်။

နဂဟာယ ငြိမ်းချမ်းရေးပန်းခြံမှာမွေးနေ့ဆုတောင်းပွဲနဲ့အတူူ စတုဒီသာကျွေးပွဲနဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ထံ အပြင်းအထန်ခံစားနေရတဲ့ အညာဒေသက ပြည်သူတွေ အတွက် ရန်ပုံငွေရှာပွဲတွေလည်း ကျင်းပခဲ့ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013