DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ရခိုင်အမျိုးသမီးများ ဆုံးဖြတ်
DVB
·
March 26, 2014
ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ရခိုင်အမျိုးသမီးများ ဆုံးဖြတ်
Donate to DVB

ရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းရာမှာ အကြမ်းဖက်နည်းနဲ့ မဟုတ်ဘဲ နှစ်သိမ့်ပညာပေးခြင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းတွေနဲ့ ဖြေရှင်းသွားဖို့ ရခိုင်အမျိုးသမီးအစည်းအရုံး ညီလာခံက ဆုံးဖြတ်ခဲ့ကြပါတယ်။

[caption id="attachment_26629" align="alignright" width="300"]၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားစဉ် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားစဉ်[/caption]အကြမ်းဖက်မှုတွေကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ဖြေရှင်းတယ်ဆိုရင် ပြည်သူလူထုတွေက ပိုပြီး နစ်နာဆင်းရဲသွားမှာဖြစ်သလို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအစစ်မှန်ကို ရနိုင်မှာ မဟုတ်တဲ့အတွက် ငြိမ်းချမ်းစွာဖြေရှင်းဖို့ အဘက်ဘက်ကို တိုက်တွန်းသွားမယ်လို့ ရခိုင်အမျိုးသမီးညီလာခံက ပြောပါတယ်။

ညီလာခံတက်ရောက်သူတွေကနေတဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်လက် တိုက်တွန်းသွားမယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောပါတယ်။

“ကျမတို့ ရခိုင်ပြည်သူတွေကို သွေးထွက်သံယိုဖြေရှင်းတဲ့နည်းနဲ့ မဖြစ်စေချင်ပါဘူး။ ပဋိပက္ခကာလကတည်းက တိုက်တွန်းထားတာရှိပါတယ်။ ကိုယ့်ဘက်ကနေပြီးတော့ အကြမ်းဖက်တာတွေ မလုပ်ဆောင်ဖို့ ပြောထားပါတယ်။ ပါတီအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အခုညီလာခံမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ် ကျမတို့ပြည်သူလူထုတွေရဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးကို ဖြစ်စေချင်တယ် ဆိုလို့ရှိရင် အကြမ်းမဖက်နဲ့နည်းနဲ့ ဖြေရှင်းဖို့ပဲ အရေးကြီးတယ်လို့ ပြောခဲ့ကြပါတယ်။”

သူတို့အမျိုးသမီးအဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေကြားမှာ စည်းရုံးပညာပေးသွားမှာဖြစ် သလို တဘက်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် တိုက်တွန်းမယ်လို့ သူကဆက်ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ
သက်စွန်ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးတွေကို မှတ်တမ်းတင်ဖို့အပြင် အဓိကရုဏ်း စဖြစ်ကတည်းက စဉ်ဆက်မပြတ် အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေ အကြောင်းကို အချက်အလက်ကောက်ခံပြီး သတင်းမှတ်တမ်းတင်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းမဖြစ်ခင် အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ မသီတာထွေးကိုလည်း ပြည်မြရတနာစော သာရာ သီတာထွေး ဆိုတဲ့ အမည်ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားညီလာခံမှာ မြို့နယ်အသီးသီးက ရခိုင်အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦးစီ တက်ရောက်ခွင့်ရဖို့နဲ့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းကောက်ခံမယ့်ကိစ္စကို ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ပြောပါတယ်။

ညီလာခံဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ ၄ နာရီက သတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသမီးညီလာခံကို စစ်တွေမြို့မှာ မတ်လ ၂၃ ရက်ကနေ ၂၆ ရက်နေ့ထိ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ ခုက အမျိုးသမီးကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013