DVB Logo
Home
မြန်မာသတင်း
ရေစကြို မြို့နယ်ရဲတပ်ဖွဲ့မှူးကားကို Earthquake-PDF က သိမ်းယူ
DVB
·
June 19, 2022
ရေစကြို မြို့နယ်ရဲတပ်ဖွဲ့မှူးကားကို Earthquake-PDF က သိမ်းယူ
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့မှာ ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းက ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ အိမ်စီးကားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့  Earthquake-PDF က ပြောပါတယ်။

“ရေစကြိုမြို့နယ်မှူးရဲ့ကားကို တိုက်ခိုက်ဖို့အတွက် သတင်းရယူပြီး ရက်ပေါင်း ၂၀ လောက်စောင့်ကြည့်ခဲ့တယ်။ Misson လုပ်မယ်ဆိုပြီး စောင့်နေတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ အချိန်ထက်စောလာတယ်။ ဒါပေမယ့် သူတို့က ကံဆိုးချင်တော့ လမ်းမှာကားပျက်တယ်။ ဝတ်ရှော့တခုမှာ ဝင်ပြင်နေတယ်လို့ သတင်းရလို့ ကျနော်တို့တပ်ဖွဲ့တွေ လိုက်သွားတဲ့အချိန်မှာ သူတို့က မရှိတော့ဘူး။ ဝက်ဘ်ရှော့မှာ ကားပဲကျန်နေခဲ့လို့ အဲဒီကားကို သိမ်းယူခဲ့တယ်” လို့ Earthquake PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ကားအမျိုးစားကတော့ MAZDA BT 50 Extra Cub အမျိုးအစား အဖြူရောင်ကားဖြစ်ပြီး စစ်အာဏာရှင် တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကားဝက်ရှော့မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ဘာမှသက်ဆိုင်မှုမရှိဘဲ ရဲတွေက ဇွန် ၁၈ ရက်နေ့မှာ ဖမ်းဆီးသွားပြီး စစ်ဆေးမေးမြန်းကာ ခရီးသွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ ကြားသိရကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Earthquake PDF အနေနဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေကို အသက်နဲ့ရင်းပြီးတော်လှန်တိုက်ခိုက်နေတာကြောင့် သူတို့နဲ့ ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ပြည်သူတွေကို အကြိမ်ကြိမ်ထုတ်ပြန် အသိပေးထားတယ်လို့ ဆိုပါတယ်။

Earthquake PDF အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဇွန် ၁၀ ရက်နေ့မှာ ရေစကြိုမြို့နယ်က စစ်ကောင်စီရဲ့ ဒေါက်တိုင် ကျောက်လှေကားဂိတ်ကို မီးရှို့ဖျက်ဆီးသွားခဲ့သလို အဲဒီဂိတ်ကို လာရောက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၁၁ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တခုမှာတော့ ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် ဘောလုံးကွင်းတိုက်တန်းရှိ "ခိုင်မာ" နော်ဇယ်ပန့်ဆိုင်ကို ဇွန် ၁၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ PDF တွေရောက်လာပြီး ပစ္စတိုနဲ့ ချိန်ရွယ်ကာ ပြုပြင်ဖို့ အပ်ထားတဲ့ MAZDA BT 50 Extra CUB အဖြူရောင်ကားတစီးကို အဓမ္မသိမ်းယူသွားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013