DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ခေါင်းဆောင်အချို့ကို ပုဒ်မ ၁၈ ဖြင့် အရေးယူရန် စိစစ်နေဟု ရဲပြော
DVB
·
March 26, 2014
၈၈ မျိုးဆက်ခေါင်းဆောင်အချို့ကို ပုဒ်မ ၁၈ ဖြင့် အရေးယူရန် စိစစ်နေဟု ရဲပြော
Donate to DVB

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးပြုံးချို၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီးနဲ့ ဒေသခံ ဦးသန်းနိုင်တို့ဟာ ပခုက္ကူမြို့နယ်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲအပြီးမှာ ခေတ္တ ခေါ်ယူစစ်ဆေးခံခဲ့ရပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှု ပုဒ်မ (၁၈) နဲ့  တရားစွဲဆိုခံရ ဖွယ်ရှိနေပါတယ်။

[caption id="attachment_53923" align="alignright" width="300"]1970578_371832272957217_658770539_n ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဦးပြုံးချိုး ဟောပြောနေစဉ်[/caption]

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး လူထုဆန္ဒဖော်ထုတ်ဖို့ မနေ့က ရဲစခန်းမှာ ခွင့်ပြုချက်  တောင်းပေမယ့် မရတာကြောင့် အစီအစဉ်အတိုင်း ဒီမနက် ဆန္ဒထုတ်ဖော်ခဲ့ကြ တာဖြစ်ပြီး လူပေါင်း ၁၀၀၀ ၀န်းကျင် ပါဝင်ခဲ့ကြပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲမှာ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီမီးတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောခဲ့ကြပြီးနောက် ပွဲအပြီးမှာ ခေါ်ယူစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့  စိစစ် လုပ်ဆောင်နေတယ်လို့  ပခုက္ကူမြို့နယ် ရဲစခန်းက ဒု-ရဲအုပ် ဌေးဝင်းက ပြောပါတယ်။

"အခုချိန်ထိတော့ မရသေးဘူး။ ကျနော်တို့ စိစစ်နေတုန်းပါ။ ပြီးရင် အရေးယူဆောင်ရွက်ဖို့ ရှိတယ်။ ပါဝင်ပတ်သက်မှုကို စိစစ်တုန်းပါ။ စွဲရင် အဲဒါနဲ့ပဲ စွဲရမှာပါ။ လမ်းလျှောက်ကြတဲ့အထဲမှာ အပိုင်းလေးတွေနည်းနည်းကျန်လို့ စိစစ်နေတုန်းပါ။"

ရဲတပ်ဖွဲ့အနေနဲ့ ကနဦးက  ဆန္ဒပြခေါင်းဆောင်လေးဦးကို ပုဒ်မ ၁၈ နဲ့တရားစွဲဆိုမယ်လို့ ပြောဆိုတဲ့အတွက် ဆန္ဒပြသူတွေဘက်က တရားစွဲဆိုကြောင်းစာထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါကို နောက်ပိုင်းမှာ ဦးသန်းနိုင်တယောက်ကိုပဲ စွဲမယ်ဆိုပြီး ပြန်လည်ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း စာထုတ်ပေးဖို့ ပြောဆိုရာမှာ နောက်ဆုံး အခုလို စွဲဆိုဖို့ စစ်ဆေးနေဆဲဆိုပြီး စာထုတ်ပေးခဲ့တာလို့  မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်သူ့ဆက်ဆံရေး ဒု-တာဝန်ခံ ကိုဥာဏ်လင်းက ပြောပါတယ်။

မြို့နယ်ရဲက ဆန္ဒပြခွင့်မပြုတဲ့ ပြန်ကြားချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထုတရပ်လုံးက ပါဝင်တဲ့ ဖွဲ့စည်းပုံဖြစ်ပြီး ပြင်ဆင်ဖို့ မလိုအပ်ကြောင်း၊ ဆန္ဒပြဖို့ တောင်းဆိုတဲ့ နေရာဟာ အများသူငါ သွားလာတဲ့ အဓိက လမ်းကြောင်းဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွတ်တော်မှာ ဆောင်ရွက်နေ တဲ့အတွက် မလိုဘဲ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခြင်းဟာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့တုန်းကလည်း မကွေးတိုင်း မကွေးမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲမှာလည်း ဒီလိုအလားတူ တားဆီခံရမှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြ ခေါင်းဆောင် ဦးကျော်သန်းကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဆန္ဒ ဖော်ထုတ်ပွဲကို ဒေသခံ အာဏာပိုင်တွေက ၅ ကြိမ် ငြင်းပယ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဥပဒေကြမ်းကော်မီတီက  ပုဒ်မ ၁၈ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး တော့  ဆန္ဒပြသမားတွေ ဆန္ဒပြဖို့အတွက် တိုင်းအဆင့်၊ ပြည်နယ်အဆင့်ထိ တင်ပြစရာမ လို တော့ဘဲ မြို့နယ်အဆင့်ကိုသာ တင်ရတော့မယ်လို့  လွှတ်တော်မျာ တင်သွင်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013