DVB Logo
Home
မြန်မာသတင်း
The PDF Game Paid ဗားရှင်းထွက်ပြီး ၅ ရက်အတွင်း အရောင်းရဆုံးစာရင်း နံပတ် ၂ အဆင့်သို့ ရောက်ရှိ
DVB
·
June 18, 2022
The PDF Game Paid ဗားရှင်းထွက်ပြီး ၅ ရက်အတွင်း အရောင်းရဆုံးစာရင်း  နံပတ် ၂ အဆင့်သို့ ရောက်ရှိ
Donate to DVB

ပြည်တွင်း ပြည်ပရှိ တော်လှန်ရေးလူငယ် IT နည်းပညာရှင်တွေ တီထွင်ထားတဲ့ The PDF Game ဟာ Paid ဗားရှင်း အနေနဲ့ ထပ်ထွက်ရှိထားပြီး ထွက်ပြီးချင်း နာရီပိုင်းအတွင်းမှာ Apple ရဲ့ အဓိက အကျဆုံး US၊ SG၊ AU စတဲ့ နိုင်ငံတွေမှာ နေ့စဉ် အရောင်းရဆုံးစာရင်း  နံပတ် ၂ နေရာမှာ ရောက်ရှိနေပါတယ်။

The PDF Game မှတာဝန်ရှိသူ ဆရာတွပ်က "အခုဆို ကမ္ဘာ့ နံပတ် ၂ နေရာမှာဖြစ်နေပါတယ်။ The PDF Game Paid ဗားရှင်းကို ဂိမ်းအားလုံးရဲ့ နံပတ် ၁ ဖြစ်ဖို့ ကလစ်ကာတွေ ကြိုးစားနေကြပါတယ်။ $0.99 တန်ဖိုးနဲ့ ဝယ်ယူအားပေးသူပေါင်း 4 ရက်အတွင်း လူ တစ်သောင်းနီးပါးရှိသလို၊ ဂိမ်းထဲမှာလဲ ကျည်ကို ပိုက်ဆံပေးပြီး ဝယ်ယူတာ မြန်မာငွေ သိန်း 300 ဖိုး နီးပါးရှိပါပြီ။ အိုင်ဖုန်း ရှိပြီး မဝယ်ရသေးသူ  တော်တော်များများက ဝယ်ချင်ပေမယ့် Paid ဗားရှင်း မဝယ်ဖူးတော့ အခက်အခဲ လေးတွေရှိနေကြပါတယ်။ တချို့ကလည်း ဘယ်လို ငွေဖြည့်ရမလဲ မသိဘူး။ တချို့က ငွေဖြည့်တဲ့ itune gift card ကို ပိုက်ဆံအကုန်ခံဝယ်ပြီးမှ information တွေ ရိုက်ပေမယ့် မရဘူး။ တချို့က ဝယ်တဲ့ itune gift card နဲ့ ဝယ်တဲ့ store ရဲ့ နိုင်ငံ မကိုက်ဖူး စသည်ဖြင့် ကြုံတွေ့နေကြရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

တချို့အခက်အခဲတွေက ပလေယာတွေအပြစ်မဟုတ်ပဲ၊ Apple ရဲ့ တချို့ system တွေက IT သမားတွေတောင် စိတ်ညစ်လောက်အောင် step များတတ်တာကြောင့်ဖြစ်ပါတယ်။ အခုလို တော်လှန်ရေးအတွက် ခက်ခက်ခဲခဲကြိုးစားကြပေးလို့ လေးစားမိပါတယ်။ အခက်အခဲတွေကို ဖြေရှင်းဖို့ Facebook group တစ်ခု ဖန်တီးပြီး ပုံတွေ၊ စာတွေနဲ့ရှင်းပြတာ၊ user အချင်းချင်း ကူညီပြသတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

Paid ဂိမ်း ထွက်ပြီးနောက်နေ့စဉ် သိန်းရာကျော် ဝင်ငွေပြန်ဖြစ်သွားပါတယ်။ ဒါဟာ  စာရင်းအရ ဝင်ငွေသာဖြစ်ပြီး တကယ် ထုတ်ယူနိုင်ဖို့ အချိန် ၂ လခန့် စောင့်ရမယ်လို့ သိရပါတယ်။

The PDF Game မှ ဝင်ငွေတွေကို မေလမှာ စတင်ရရှိလာပြီး ဝင်ငွေတွေကို ထောက်ပို့အနေနဲ့ Artstrike  တခြား အနုပညာနဲ့ ဆက်နွှယ်တဲ့ တော်လှန်ရေးအဖွဲ့တွေကနေ တဆင့်ပေးပို့မှုပေါင်း သိန်း ၁၅၀၊  မိုင်ခရီး ( တလရ ထောက်ပို့ fundraiser) က တဆင့် ကျပ် ၇၅ သိန်း နဲ့ ဒီလ အတွက် ၇၅ သိန်းကိုလည်း ထပ်မံထောက်ပို့ ပေးဖို့ ရှိသလို The PDF Game ကနေ Cobra column အဖွဲ့ အပါအဝင် တခြားအဖွဲ့တွေကို တိုက်ရိုက် ထောက်ပံ့ပေးတာ  ကျပ်သိန်း ၁၀၀ ရှိသွားပါပြီလို့ ဆရာတွပ်က ပြောပါတယ်။

ပြည်ပနိုင်ငံတွေနဲ့  နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုက သိပ်မရရှိသေးတာကြောင့်  နိုင်ငံတကာ သတင်းဌာနတွေမှာ သတင်းပါဖို့ ဆောင်ရွက်နေသလို၊ Apple ရဲ့ feature game list မှာလည်း ပါဝင်နိုင်အောင် လျှောက်ထားတယ်လို့ သိရပါတယ်။ 

The PDF Game ဟာ တရားဝင် စတင်ထွက်ရှိလာပြီးနောက် ပြည်တွင်းပြည်ပ တော်လှန်ရေး လူငယ်တွေကြားမှာ ရေပန်းစားနေပြီး Free ဆော့ကာ ကျည်ဆန်တွေကို ကြော်ငြာကြည့်ပြီးရှာတဲ့ ပုံစံ နဲ့ Paid ဗားရှင်းမှာ ကျည်တွေကို  ပိုက်ဆံပေးပြီးဆော့ရတဲ့ ပုံစုံဆိုပြီး ၂ မျိုး ရှိတာပါ။ 

မြန်မာပြည်တွင်းမှာနေထိုင်တဲ့ The PDF Game ပလေယာ တစ်ဦးက " ဂိမ်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဂိမ်းထဲမှာ မစ်ရှင်တွေလုပ်ရတာ မြေပြင်မှာ မစ်ရှင်လုပ်ရသလိုပါပဲ။ တခြားလူတွေလို တောထဲလည်း မသွားနိုင်တော့ နိုင်တဲ့ ဘက်က လှူလို့ရတာတွေ အကုန် လုပ်ပေးပါတယ်။ အဓိက တော့ လှူချင်လို့ ဆော့တာပါ။ အမြဲလည်း ကလစ်ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်လို့ရပါတယ်။ ၁ ဒေါ်လာကို ကျည် အတောင့် ၅၀၀၀ ရတယ်။ ကိုယ်ပစ်ရင်ပစ်သလောက် ကျည်ကုန်တာပေါ့။ gift card ဖြည့်တဲ့ နေရာမှာ အနည်းငယ် အခက်အခဲရှိနေကြတယ်”လို့ ပြောပါတယ်။ 

The PDF Game ဟာ တရားဝင် စတင်ထွက်ရှိလာပြီးနောက် ပြည်တွင်းပြည်ပ တော်လှန်ရေး လူငယ်တွေကြားမှာ ရေပန်းစားနေပြီး Free ဆော့ကာ ကျည်ဆန်တွေ ကြော်ငြာကြည့်ပြီးရှာတဲ့ ပုံစံ နဲ့ Paid ဗားရှင်းမှာ ကျည်တွေကို ပိုက်ဆံပေးပြီးဆော့ရတဲ့ ပုံစုံဆိုပြီး နှစ်မျိုး ဆော့ကစားလို့ ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013