DVB Logo
Home
မြန်မာသတင်း
ဘီလင်းမြို့နယ်ရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
June 17, 2022
ဘီလင်းမြို့နယ်ရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်းဟာ ဇွန် ၁၆ ရက်က တရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ BGF ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုနဲ့ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က နေ့လယ် ၂ နာရီခွဲခန့်မှာတကြိမ်၊ ၃ နာရီလောက်မှာတကြိမ် လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

BGF ဂိတ်စခန်း ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ BGF ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူတဦးက ပြောပါတယ်။

BGF ဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် BGF တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

မဲလံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဂိတ်စခန်းဟာ တပ်ဖွဲ့ဝင် ၃၀ လောက် အမြဲလို လာရောက်နေထိုင်လေ့ရှိတဲ့ ဂိတ်စခန်းတခုဖြစ်ပြီး မကြာခဏဆိုသလို ခရီးသွားပြည်သူတွေကို စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013