DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ဒေသခံများ အခက်တွေ့
DVB
·
June 16, 2022
ရေးမြို့နယ်တွင် မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ဒေသခံများ အခက်တွေ့
Donate to DVB

စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်က မီတာခကို ထပ်မံတိုးမြှင့် ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီဘက်က ထုတ်ပြန်ပါတယ်။

အခု စက်သုံးဆီဈေးတွေ ထပ်မံမြင့်တက်နေတာကြောင့် ဇွန်လမှာသုံးစွဲထားတဲ့ မီတာခကို တယူနစ် ကျပ် ၁,၂၀၀ ကနေ ကျပ် ၁,၃၅၀ ကို တိုးြမှင့်သတ်မှတ်လိုက်ပြီး တယူနစ်ကို ကျပ် ၁၅၀ ထပ်မံတိုးမြှင့်ပြီး ဇူလိုင်လမှာ စတင်ပေးသွင်းရမယ်လို့ ဆိုပါတယ်။

မီတာခတွေ စံချိန်တင် ထပ်မံမြင့်တက်သွားလို့ အိမ်သုံးသမားတွေ မသုံးစွဲနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီတာခ တယူနစ် ကျပ်  ၉၀၀ ကနေ အခု မတ်လ တယူနစ် ကျပ် ၁,၂၀၀ မြင့်တက်ရာကနေ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ အခု ၁,၃၅၀ ကျပ်အထိ ထပ်မံ မြင့်တက်လာတဲ့အတွက် ယူနစ်ဈေးတွေ အမြင့်ဆုံးအခြေအနေနဲ့ ဒေသခံတွေ သုံးစွဲနေရတာပါ။

ဒေသခံတဦးက “အခုလို အလုပ်အကိုင်တွေ အဆင်မပြေတဲ့ကြားက နေ့စဉ်ပုံမှန်ဝင်ငွေတွေတောင် မရှိလာတဲ့အခါ စားဝတ်နေရေးတွေမှာ အခက်ခဲရှိပြီး နေရတော့ မီတာခတွေပါ ထပ်မံတိုးမြှင့် ကောက်ခံမယ်ဆိုတော့ လျှပ်စစ်မီး ချွေတာသုံး ရတာထက် မသုံးစွဲတာ ပိုပြီး သင့်တော်မယ်” လို့ မီးသုံးစွဲသူတဦးက ပြောပါတယ်။

အခု ဆီစျေးတွေက ၄ ဆလောက်တက်သွားတဲ့အတွက် မီတာခ ထပ်မံတိုးမြှင့် ကောက်ခံရတာဖြစ်ပြီး ဆီဈေးတွေ ပြန်လည်ကျဆင်းလာပါက မီတာခ ပြန်လျှော့ချပေးသွားမယ်လို့ မီးလင်းရေးကော်မတီက ဆိုပါတယ်။

ရေးမြို့နယ်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဒီနေ့အထိ သုံးစွဲနိုင်ခြင်း မရှိသေးသလို မြို့ပေါ်မှာ ပုဂ္ဂလိက မီးလင်းရေးကော်မတီက လျှပ်စစ်မီးကိုသာ အမှီပြု သုံးစွဲနေရပြီး နယ်ကျေးရွာတွေဘက်မှာတော့ ကိုယ့်အားကိုယ်ကိုးမီးစက်နဲ့ မီးဖြန့်ဖြူးပေးကာ တယူနစ်ကို ကျပ် ၁,၅၀၀ အထိပေးပြီး သုံးစွဲရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က မီတာခ တယူနစ် ကျပ် ၉၀၀ ကောက်ခံလို့ဆိုပြီး ရေး PDF တွေက သတိပေးတဲ့အနေနဲ့ ရေးမီးလင်းရေးကော်မတီရုံးကို မိုင်းခွဲထားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ စက်သုံးလောင်ဆီစျေးတွေ အခြေခံစားသောက်ကုန်တွေ စံချိန်တင် အဆမတန် မြင့်တက်လာနေခဲ့တာပါ။

အခြေခံလူတန်းစား သာမန်လက်လုပ်လက်စားတွေမှာ စားဝတ်နေရေး တနေ့တခြား ပိုပြီးခက်ခဲလာပြီး တပိုင်တနိုင်လုပ်ငန်းတွေကအစ ရပ်နားထားရဖွယ်ရှိပြီး အလုပ်လက်မဲ့တွေ တနေ့တခြား များပြားလာနေသလို တဖက်နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့သူတွေ အများပြားရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013