DVB Logo
Home
မြန်မာသတင်း
တောင်သာမြို့နယ်ကျေးရွာများတွင် ရေအခက်အခဲရှိနေ
DVB
·
March 26, 2014
တောင်သာမြို့နယ်ကျေးရွာများတွင် ရေအခက်အခဲရှိနေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ထဲက ကျေးရွာတွေမှာ စက်ရေတွင်း ချပေးတာ မရှိတဲ့အတွက် ဒေသခံတွေ ရေအခက်အခဲ ဖြစ်ပေါ်နေပါတယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းကန်မြဲ ကျေးရွာအုပ်စုအောက်က ထန်းလျက်ချက်သူတွေ စုဝေးနေထိုင်တဲ့ အင်ကြင်းသာတောတိုက်၊ ရတနာပုံ၊ မြေသားနဲ့ ဆည်ကြီးတောတိုက် ရွာတွေမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာပါ။

Taung Thar 1 copyအစိုးရက စက်ရေတွင်းတွေ ချပေးနေပေမယ့်လည်း အမှန်တကယ် ရေအခက်အခဲရှိတဲ့ ကျေးရွာတွေမှာတော့ စက်ရေတွင်းတွေ မရှိသေးဘူးလို့ အင်ကြင်းသာတော တိုက်ရွာက ရေလယ်ကျောင်းထိုင် ဆရာတော် ဦးတိလောက မိန့်ပါတယ်။

ရေအခက်အခဲရှိကြောင့် စာသင်ကျောင်းနဲ့ ဘုရားတည်တဲ့လုပ်ငန်းတွေကို ရပ်နားထားရ တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဇဂျမ်းကန်မြဲကျေးရွာတွေမှာတော့ ရေအခက်အခဲရှိနေတာနဲ့ ရေမသန့်ရှင်းတာတွေကြောင့် ကလေးသူငယ်တွေ အူရောင်ငန်းဖျားစတဲ့ ရောဂါတွေဖြစ်ပေါ်နေတယ်လို့ ဒီဒေသမှာ ရေရရှိရေး ဆောင်ရွက်ပေးနေသူ ဦးမင်းနိုင်က ပြောပါတယ်။

ဇဂျမ်းကန်မြဲကျေးရွာအုပ်စုမှာ ရေအခက်အခဲနဲ့ ကြုံတွေ့နေရသူ အိပ်ထောင်စု ၃၀၀ ကျော် ရှိနပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ ဇဂျမ်းကန်မြဲကျေးရွာအုပ်စုမှာ စက်ရေတွင်း ၁၆ တွင်း တူးဖော်ဖို့အတွက် ခွင့်ပြုချက် ပေးခဲ့ပေမယ့် အမှန်တကယ် ရေလိုအပ်တဲ့ ကျေးရွာတွေမှာတော့ စက်ရေတွင်းတွေ တူးဖော်တာ မရှိသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရောက်လာရင် မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ အမြဲလိုလို ရေရှားပါးမှု ပြသနာနဲ့ ရင်ဆိုင်နေရလေ့ ရှိတာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013