DVB Logo
Home
မြန်မာသတင်း
မိချောင်းကန် သပိတ်စခန်းပြန်လည်ဖွင့်လှစ်
DVB
·
March 26, 2014
မိချောင်းကန် သပိတ်စခန်းပြန်လည်ဖွင့်လှစ်
Donate to DVB

လွန်ခဲ့တဲ့ ၃ လကျော်ကာလက ခေတ္တရုပ်သိမ်းထားခဲ့တဲ့  မိချောင်းကန် သပိတ်စခန်းကို ရန်ကုန်မြို့လယ်ခေါင်က မဟာဗန္ဓုလပန်းခြံမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်က မဟာဗန္ဓုလပန်းခြံဘေးက နေပူပူထဲမှာ အနီရောင် တီရှပ်ဆင်တူ ၀တ်ဆင်ထားကြတဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င်  သင်္ကန်းကျွန်း မိချောင်းကန်က လယ်သိမ်းခံ ဆန္ဒြုပသူတွေက သူတို့ ပိုင်ဆိုင်တဲ့မြေယာတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

unnamed၁ copy

လူအင်အား ၁၀၀ နီးပါးခန့်ရှိတဲ့ မိချောင်းကန်ဒေသခံတွေကို  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ လယ်ယာနဲ့ အခြားမြေများ ပြည်သူများ မနစ်နာစေရန် ကြံ့ခိုင်ရေးပါတီဝင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က  ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းတို့နဲ့အဖွဲ့က  ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ လက်မှတ်ရေးထိုး ကတိပေးခဲ့လို့ သပိတ်စခန်းကို ပိတ်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ပြောတဲ့ကတိတိုင်း ခုချိန်ထိ ဆောင်ရွက်ပေးတာမျိုး မရှိလို့  သပိတ်စခန်း ပြန်ဖွင့် ကြရတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့   ဦးစိန်သန်းက ပြောပါတယ်။

ဒီနေ့နဲ့ဆို မိချောင်းကန်သပိတ်စခန်း ပြန်ဖွင့်တာ ၃ ရက်မြောက်နေ့ရှိပြီ ဖြစ်ပြီး  သက်ဆိုင်ရာအာဏာပိုင်တွေက လာရောက် ညှိနှိုင်းပေးတာမျိုးတွေနဲ့ သပိတ်စခန်း ပိတ်ဖို့ လာပြောတာမျိုးတွေလည်း မရှိသေးဘူးလို့လည်း  ပြောပါတယ်။

သပိတ်စခန်းမှာ ပါဝင်ဆန္ဒဖော်ထုတ်နေတဲ့ မိချောင်းကန်နယ်မြေ အပိုင်း ၃ မှာ နေခဲ့ဖူးတဲ့ အဖွား ဒေါ်ကံကြည်ကတော့ ဘိုးဘွားပိုင်မြေဖြစ်လို့ ပြန်ရတဲ့အထိ တောင်းဆိုမယ်လို့ ခုလို ပြောပါတယ်။

သပိတ်စခန်း ဖွင့်လှစ်ထားတဲ့ မိချောင်းကန်ဒေသခံတွေကတော့ တောင်းဆိုချက်တွေကို မဖြေရှင်းပေးရင် မနက်ဖြန်မှာ ဆူးလေဘုရားပေါ်မှာ ဆုတောင်းပွဲလုပ်မယ့်အပြင် လူအုပ်စုတွေ ခွဲပြီး လွှတ်တော်ရုံးတွေရှေ့မှာ သွားရောက်ဆန္ဒဖော်ထုတ်ကြဖို့လည်း စီစဉ်နေပါတယ်။

သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန်အရပ်က ဒေသခံတွေဟာ သိမ်းဆည်းခံမြေတွေ ပြန်ရရေးအတွက် သပိတ်စခန်းဖွင့်လှစ် ဆန္ဒဖော်ထုတ်မှုတွေကို ပြုလုပ်နေတာ  စုစုပေါင်း ၁၀ ကြိမ်ခန့် ရှိပြီ ဖြစ်ပြီး သပိတ်စခန်းဖြိုခွင်းခံရကာ ဆန္ဒပြသူတွေလည်း ဒဏ်ရာရခဲ့ဖူးပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013