DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
DVB
·
March 25, 2014
မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
Donate to DVB

မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

[caption id="attachment_53867" align="alignright" width="300"]အလုပ်သမားများ ဆန္ဒပြနေကြစဉ် အလုပ်သမားများ ဆန္ဒပြနေကြစဉ်[/caption]

ယန်ဂျူးအထည်ချုပ် စက်ရုံက မြန်မာအလုပ် သမားတွေဟာ စက်ရုံကို အုပ်ချုပ်နေတဲ့ မန်နေဂျာအပါအ၀င် စကားပြန်တွေရဲ့ ဖိနှိပ်မှု၊ တရားဝင် လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေ ထက်ဝက်လောက်သာ ရရှိတဲ့အပြင် ကျန်းမာရေးအတွက် ခွင့်ယူဖို့ မလွယ်တဲ့ အချက်တွေကြောင့် ဒီနေ့ ဆန္ဒပြတောင်းဆိုနေတာပါ။

သူတို့တောင်းဆိုချက်တွေ ဖြစ်တဲ့ တရားဝင်လုပ်ခ တနေ့ဘတ် ၃၀၀ နဲ့ အချိန်ပိုကြေး တနာရီ ၅၆ ဘတ်ရရှိစေဖို့၊ အလုပ်သမားတွေ ကျန်းမာရေးနဲ့ မိသားစုရေးအရ ခွင့်ယူရာမှာ ခွင့်မရရှိဘဲ အလုပ်ပျက်တာကို အကြောင်းပြပြီး အလုပ်သမားတွေဆီက ဘတ်ငွေ ၂၀၀ ဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် နေ့စဉ် လုပ်နိုင်အားနဲ့ မမျှတဲ့ အထည်အရေအတွက်ကို အချိန်ပိုဆင်းပြီး ချုပ်နေရတာ၊ စက်ရုံအတွင်း အလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလုပ်သမားကိုယ်တိုင် ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသရတာ စတဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စက်ရုံမန်နေဂျာကနေတဆင့် အလုပ်ရှင်ဆီကို တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေကို စက်ရုံပိုင်ရှင်နဲ့ သဘောတူညီချက်မရမချင်း အလုပ်သမားတွေဘက်က အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး ဆ၀န်ဒီကန်ခေါ် အလုပ်သမားကာကွယ်ပေးရေးရုံးကိုလည်း တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013