DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်ခြံစည်းရိုး ပျက်စီးနေသဖြင့် တရားမဝင် ဝင်လာသူများနှင့် မူးယစ်ဆေးမှောင်ခို သယ်ယူမှု များလာ
DVB
·
June 15, 2022
မောင်တောနယ်စပ်ခြံစည်းရိုး ပျက်စီးနေသဖြင့် တရားမဝင် ဝင်လာသူများနှင့် မူးယစ်ဆေးမှောင်ခို သယ်ယူမှု များလာ
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ခြံစည်းရိုးဖြစ်တဲ့ မောင်တောမြို့နယ်၊ မင်္ဂလာကြီးချောင်းခြံစည်းရိုး ပျက်စီးနေတာကြောင့်  မောင်တောနယ်စပ်သို့ တစ်ဖက်နိုင်ငံကနေ တရားမဝင် ဝင်လာသူများစွာရှိနေသလို မူးယစ်ဆေးမှောင်ခိုသယ်ယူတာတွေလည်း များလာတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာလူကြီးတဦးက “နယ်စပ်ခြံစည်းရိုးကို ကုန်းမြေချင်း ထိတွေ့တဲ့နေရာတွေမှာ အဆင့်မီလုပ်ထားကြတယ်။ မြစ်၊ ချောင်းတွေဘက်မှာကျတော့ အဆင့်မီမလုပ်နိုင်ကြသေးဘူး။ ဒါကြောင့် တရားမဝင်ခိုးဝင်လာသူနဲ့ မူးယစ်ဆေး သယ်ယူပို့ဆောင်မှုတွေ များလာနေတယ်” လို့ ပြောပါတယ်။

နယ်စပ်ခြံစည်းရိုး အများဆုံးပျက်စီးနေတဲ့ နေရာကတော့ မင်္ဂလာကြီးချောင်းခြံစည်းရိုးဖြစ်ပြီး တရားမဝင် ခိုးဝင်လာသူတွေရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်နေသလို  မူးယစ်ဆေးဝါး သယ်ယူပို့ ဆောင်ရာမှာ အဓိကအကျဆုံးနေရာတခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံမွတ်ဆလင်တစ်ဦးက​ “အဓိက မင်္ဂလာကြီးချောင်းပါ။ တရားမဝင်ခိုးလာဖို့နဲ့ မူးယစ်ဆေးတွေသယ်ယူပို့ဆောင်ဖို့ အဓိကကျနေတဲ့ နေရာဖြစ်နေတယ်။ မင်္ဂလာကြီး အုပ်ချုပ်ရေးမှူးနဲ့ နယ်ခြားစောင့်တွေကအစဒီလိုအလုပ်တွေကို ပူးတွဲလုပ်စားနေကြတာကြာပြီ” လို့ ပြောပါတယ်။

နယ်စပ်ခြံစည်းရိုးတွေကနေ မြန်မာဘက်က  Wy စိတ်ကြွဆေးတွေပို့ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မော်ဖင်း ၊ ဖန်စီဒိုင်းစတဲ့ မူးယစ်ဆေးတွေ မြန်မာဘက်ကို တရားမဝင် မှောင်ခို တင်သွင်းကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ  ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ဆောက်ဖို့  ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး  အဆင့် လေးဆင့်ခွဲကာ စစ်အင်ဂျင်နီယာတပ်မှ တာဝန်ယူဆောက်လုပ်ခဲ့ကြတာဖြစ်ပြီး ၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ ခြံစည်းရိုး ကာရံဖို့ စုစုပေါင်း အသုံးစရိတ် ကျပ် ၁၉၀ ဘီလီယံအထိရှိတယ်လို့ စီမံကိန်း စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013