
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် နေ့စဉ်သတင်းစာ ဒါကာထရီဗျူးမှာ မတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနထံ သတိထောက်လွှာတွေ ပေးအပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါကာထရီဗျူး သတင်းစာပါဆောင်းပါး ရှင် ရေးသား ထားတဲ့ A referendum in Rakhine State ဆောင်းပါးနဲ့ပတ် သက်တဲ့ သတိထောက်လွှာ (Aide –Memoire) ကို ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို မတ်လ ၂၄ ရက် မနက်ပိုင်း က နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌနာကို ခေါ်ယူပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူးချုပ်ကို သွားရောက်တွေ့ဆုံပြီး သတိထောက်လွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆောင်းပါးမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး စစ်တွေနဲ့မောင်တောနယ်တွေကို အစ္စလာမ် ဒါမှမဟုတ် ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးမပေးဘူး၊ နိုင်ငံသားဖြစ်ခွင့် အသိအမှတ်မပြုဘူးဆိုရင် ယူကရိန်းနိုင်ငံ ကရိုင်းမီးယားမှာ ဆန္ဒခံယူပွဲလုပ်ပြီး ပြည်နယ်ခွဲထွက်သလို လုပ်လို့ရကြောင်း ခိုင်းနှိုင်းရေးသားထားတာပါ။










