DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်းတွင် စစ်တပ်သိမ်း မြေအချို့ ပြန်မရသေး
DVB
·
March 25, 2014
ကျောင်းကုန်းတွင် စစ်တပ်သိမ်း မြေအချို့ ပြန်မရသေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း စစ်တပ်မှ သိမ်းဆည်း လယ်မြေတွေ ပြန်လည်ပေးရမှာ အားလုံး ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Kyauk Kone copyကျောင်းကုန်းမြို့နယ်အတွင်း တပ်ရင်း ၃၄၄ ၊ တိုက်ကြီး ၇၊ အလုပ်ရုံ ၉၊ အဆရ ၁၁ နဲ့ တပ်ရင်း ၉၀၇ တို့က သိမ်းထားတဲ့ လယ်ယာမြေတွေကို ၂၀၁၄ ခုနှစ် ၂ လပိုင်းနဲ့ ၃ လပိုင်းတွေက ပြန်လည်ပေး အပ်ရာမှာ တချို့တပ်တွေက အကုန်မပေးဘဲ ချန်ထားတဲ့ အတွက် ဒေသခံတွေက လယ်မြေပြန်မရဘဲ မကျေနပ်ဖြစ်နေတာ ဖြစ်ပါတယ်။

ရှမ်းရွာအုပ်စုရှိ ကုန်းကြမ်းကျေးရွာမှာ ဦးကံမြင့်က “လက်ရှိအခြေအနေအရတော့ ကျနော်တို့ အခုလို ခံစားနေရတာပေါ့။ အဲဒီမှာ မတူညီတာက တပ်ရင်း ၂ ရင်းကတော့ ဧက အကုန်လုံးကို ပြန်လည်စွန့်လွှတ်ပြီးတော့ ကျန်တဲ့တပ်တွေက မည်သည့်အကြောင်းကြောင့် လယ်ယာမြေတွေကို မူလပိုင်ရှင်ကို ပြန်လည်မပေးတာလဲ။ တပ်ချင်းအတူတူကို တမိန့်တသြဇာ တအာဏာ မဟုတ်ဘဲနဲ့ တဥပဒေတည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ခွဲခြမ်းစိတ်ဖြာမှုတွေ ဖြစ်ပေါ်နေရတာလဲလို့ ဆိုတာကို ကျနော်တို့ သိရှိချင်ပါတယ်” လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ပေးပေမယ့် အောက်ခြေက အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် တချို့လယ်သမားတွေ အခုလို လယ်မြေ ပြန်မရ ဖြစ်နေရတာ လို့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

“အဓိက ကျမတို့မှာ လက်တွေ့ ရင်ဆိုင်နေရတဲ့အခက်အခဲက အစိုးရရဲ့ ကတိက၀တ်ဖြစ်စေ၊ လွှတ်တော်က ဆုံးဖြတ်ချက် ဖြစ်စေ အဲဒါတွေကို အောက်ခြေမှာ အကောင်အထည် မဖော်နိုင်တဲ့ကိစ္စပဲ။”

လယ်မြေ ပြန်မရသေးတဲ့ လယ်သမားတွေအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ တင်ပြတဲ့အခါ သုံးသပ်ချက်တွေ ရေးပြီး ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ   ပြန်လည် တင်ပြပေးထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးသိန်းနိုင်က ပြောပါတယ်။

“အပေါ်ကနေ ချပေးလိုက်တဲ့ လုပ်ဆောင်ချက်မျိုးကို အောက်ကနေပြီး အကောင်အထည် ဖော်တဲ့နေရာမှာ ကွဲလွဲချက်ကလေးတွေ ရှိတာ တွေ့ရတယ်။ အဲဒါကို ကျနော်တို့ကို တင်ပြတဲ့ဥစ္စာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒါနဲ့ ပတ်သက်ပြီး အမှန်အကန်ဖြစ်ဖို့ မူလလယ်ပိုင်ရှင်တွေ ပြန်ရဖို့ကို ကျနော်တို့ဘက်ကနေပြီးတော့ သုံးသပ်ချက် ရေးပြီးတော့ တင်ပြထားတာ ရှိတယ်။”

ကျောင်းကုန်းမြို့နယ်အတွင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက တပ်ရင်း ၃၄၄၊ တိုက်ကြီး ၇နဲ့ အဆရ ၁၁ တို့က ဧက ၁၀၀ စီနဲ့ တပ်ရင်း ၉၀၇ က ဧက ၁၄၀ သိမ်းဆည်းထားခဲ့ပါတယ်။

အခု ပြန်လည်ပေးအပ်ရမှာ တိုက်ကြီး ၇ နဲ့ အဆရ ၁၁  တပ်တွေက အကုန် ပြန်ပေးခဲ့ပေမယ့် ကျန်တဲ့ တပ်ရင်းတွေကတော့ တပ်မိသားစုအတွက်ဆိုပြီး ချန်ထားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013