DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသ ပညာရေးနှင့်ကျန်းမာရေး မြှင့်တင်မည်ဟု ဦးတင်ဦးပြော
DVB
·
March 25, 2014
တိုင်းရင်းသားဒေသ ပညာရေးနှင့်ကျန်းမာရေး မြှင့်တင်မည်ဟု ဦးတင်ဦးပြော
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးတွေ မြှင့်တင်ရေး အကောင်အထည်ဖော်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

[caption id="attachment_53858" align="alignright" width="300"]ဦးတင်ဦး ဦးတင်ဦး[/caption]

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးဟာ မတ်လ ၂၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ခြေစိုက်တဲ့ မယ်တော်ဆေးခန်း ကို ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသ ကျန်းမာရေး၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း က အဖွဲ့အစည်းတွေ ပှုးပေါင်းပြီး တိုင်းရင်းသားဒေသတွေက ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကောင်အထည်ဖော် မြှင့်တင်မယ်လို့ ပြောပါတယ်။

“တိုတိုပြောရင် အခုကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ကျန်းမာရေး စရိတ်ကြီးမားမှုတွေ မတတ်နိုင်လို့ အသက်ဆုံးရှုံးရသူတွေကို ကိုယ်ချင်းစာတဲ့အတွက် လုပ်တာ။ ဒီဘက်ရောက်လာတဲ့ တိုင်းရင်းသားလူငယ်တွေဟာ သူတို့ရဲ့ ရှေ့ရေးမျှော်လင့်ချက် ကင်းမဲ့နေတာကို မျှော်လင့်ချက်တွေပြန်ရအောင် ဆက်လက်အကောင်အထည်ဖော်သွားရမယ်၊ ဒါတွေက တဖြည်းဖြည်း အကောင်အထည်ဖော်ရမယ်၊ အခုက အစဖြစ်တယ်။”

ဒေါက်တာစင်သီယာမောင်ကလည်း ပြည်တွင်းကျန်းမားရေးအဖွဲ့အတွေနဲ့ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါဟာ ပြည်တွင်းဆက်ဆံရေးရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ ပြောပါတယ်။

“သတင်းအချက်အလက်တွေ ဖလှယ်ရာကနေစပြီး မတူညီတဲ့ ဒေသနှစ်ခုအကြားမှာ ပညာရေး၊ ကျန်းမာရေးတွေကို အပြန်အလှန်ကူညီကြသလို နားလည်လက်ခံနိုင်မယ့်အခြေအနေတွေ ဖန်တီးနိုင်ဖို့က ဆက်လက်ကြိုးစားရဦးမယ်” လို့ ဆိုပါတယ်။

ဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တဦးအနေနဲ့ မယ်တော်ဆေးခန်းကို ပထမဦးဆုံးအကြိမ် လာရောက်အားပေးတာဖြစ်ပြီး ကွန်ရက်အဖြစ် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဦးတင်ဦးနဲ့အဖွဲ့ဟာ ဒေါက်တာစင်သီယာမောင်ဆေးခန်းအတွက် ကျပ်ငွေ ၅ သိန်းကိုလည်း ပေးအပ် လှူဒါန်းပါတယ်။

၁၉၈၈ အရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းဖြိုခွဲလိုက်တဲ့နောက် ထိုင်း-မြန်မာနယ်စာကို ထွက်ပြေးလာတဲ့ ကျောင်းသားတွေ နဲ့ ဒေါက်တာ စင်သီယာမောင်တို့က မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒေသခံတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အားကိုးအားထားနေတဲ့ အခမဲ့ဆေးခန်းဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013