DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းအရေးလှုပ်ရှားသူ ဦးသော်ဇင်ကို ထောင်ချ
DVB
·
March 25, 2014
လက်ပံတောင်းအရေးလှုပ်ရှားသူ ဦးသော်ဇင်ကို ထောင်ချ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသတွင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူ  နိုင်ကျဉ်းဟောင်း ဦးသော်ဇင်ကို မုံရွာမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

U Thaw Zin copyမုံရွာတရားရုံးကနေ လက်ပံတောင်း ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူတွေထဲက ကိုသော်ဇင်ကို မတ် ၂၄ ရက်နေ့က အမှု ၃ မှု နဲ့ ထောင်ဒဏ် ၁ နှစ် ၃ လ ချမှတ်လိုက်ပါတယ်။

ဖခင်ဖြစ်သူ ဦးသိန်းတန်က “မြင်မိထင်မိတဲ့အနေအထားကတော့ တရားဥပဒေ စိုးမိုးရေးပိုင်းဆိုင်ရာတွေမှာ တိကျမှန်ကန်မယ်လို့ ကိုယ်က ထင်မိတာပေါ့လေ။ ဒီရောက်တော့ တခြားစီ တခြားစီ ဖြစ်နေတာ တွေ့ရတဲ့အတွက် နည်းနည်းတော့ ၀မ်းနည်းမိပါတယ်။ ၀မ်းနည်းပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ” လို့ ပြောပါတယ်။

ဦးသော်ဇင်ကို ၂၀၁၄ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကာ ရုံးချိန်း ၈ ကြိမ် ချိန်းဆိုအပြီး ရက်ပေါင်း ၄၂ ရက်အကြာမှာ အခုလို စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၄၇ အရ ထောင်ဒဏ် ၃ လ၊  ပုဒ်မ ၁၄၃ အရ ထောင်ဒဏ် ၆ လနဲ့ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ၆ လတို့ကို သီးခြားကျခံစေပြီး အရင်စွဲထားတဲ့ ပုဒ် ၅၀၅(ခ) ဆူပူရန် လှုံ့ဆော်မှုကိုတော့ ပယ်ဖျက်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “မတရားသဖြင့် အမိန့်ချလိုက်တယ်လို့ မြင်ပါတယ်။ အန်တီတို့ဘက်က သက်သေအထောက်အထား တင်ပြပေမယ့် တဖက်သတ် ဆုံးဖြတ်တာအတွက် လုံးဝ မကျေနပ်ဘူး” လို့ ပြောပါတယ်။

ဦးသော်ဇင် ဖမ်းဆီးခံထားရစဉ်က ပြန်လွှတ်ပေးဖို့ ဒေသခံတွေ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုခဲ့တဲ့အတွက်  ရဲမှူး အောင်ကျော်က ၅၀၅ (ခ) နဲ့  ထပ်မံ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အခု အမိန့်ချမှတ်တဲ့ ပုဒ်မ ၄၄၇၊ ၁၄၃ နဲ့ ၁၈၈ တို့ကတော့ ဆည်တည်း၊ မိုးကြိုးပြင် ကျေးရွာမှ ဒေသခံတွေက လျော်ကြေးမယူထားတဲ့ ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရင်း အာဏာပိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနဲ့ ဆားလင်းကြီးမြို့နယ် ရဲမှူးအောင်ကျော်တို့က  တရားစွဲဆိုထားတာပါ။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013