DVB Logo
Home
Lead Story
ဗိုလ်ချုပ်စောထိန်မောင် ဆေးကုသမှု ခံယူ
DVB
·
March 25, 2014
ဗိုလ်ချုပ်စောထိန်မောင် ဆေးကုသမှု ခံယူ
Donate to DVB

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်  ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

saw htein maungအသက် ၈၇ နှစ်ရှိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်ဟာ ဆီးချို၊ သွေးချိုရောဂါနဲ့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကတည်းက SSC ဆေးရုံက အရေးပေါ် အခန်းမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ရောဂါအခြေအနေ သက်သာလာလို့ အရေးပေါ်အခန်းကနေ ရိုးရိုးအခန်းကို ဒီကနေ့ ပြောင်းသွားပြီလို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်ဟာ  ၂၀၀၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) လက်အောက်ခံ တပ်မဟာ ၇ မှ ခွဲထွက်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလားတူပဲ  ဒီမိုကရစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာ စင်ကာပူနိုင်ငံမှာ ဆက်လက် ဆေးကုသနေရဆဲ ဖြစ်တယ်လို့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013