DVB Logo
Home
မြန်မာသတင်း
မတ် ၂၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
March 25, 2014
မတ် ၂၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

မတ် ၂၅ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၂၆ ရက်နေ့

Slide4မြန်မာ့ပင်လယ်ပြင်အခြေအနေ ကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့် တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အပူရှိန်မြင့် တက်နိုင်မှု ကတော့ မြောက် ပိုင်းဒေသတွေမှာ လွန်ကဲအဆင့်ထက် လျော့ကျနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက် ရှိနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်ဘဲ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကို ရောက်နိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ့် ၂ နာရီအတွင်း နေပူထဲ မထွက်ဖို့နဲ့ တကယ်လို့ သွားလာတဲ့အခါမှာ အကာအကွယ်မဲ့ သွားလာခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၂၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၂၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၂၆ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၂၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၂၆ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၁  ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013