DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ လိမ်ညာကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်ရန် NUG ယာယီသမ္မတပြော
DVB
·
June 14, 2022
စစ်ကောင်စီ လိမ်ညာကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်ရန် NUG ယာယီသမ္မတပြော
Donate to DVB

လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက လိမ်ညာပြီးကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဇွန် ၁၄ ရက် ဒီမနက်က ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒီအစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ဒီအတွက်   NUG ကာကွယ်ရေးဝန်ကြီးဌာနတခုတည်းရဲ့တာဝန်မဟုတ်ဘဲ အစိုးရတခုလုံးက မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ အဓိကဖြစ်တဲ့အတွက် ဌာနအားလုံး စည်းရုံးပေးရမယ့်အပြင် လူထုကို အသိပညာပေး၊ အားပေးရမှာဖြစ်တယ်လို့လည်းယာယီသမ္မတက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၂၅၇ ခုနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပါဝင်နေတဲ့ Local PDF အဖွဲ့ ၅၀၀ လောက်အထိ ရှိလာပြီဖြစ်ကာ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ကြဖို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အထွေထွေရွေးကောက်ပွဲသစ် လုပ်မယ်လို့ ပြောဆိုပြီး ပြင်ဆင်လုပ်ဆောင်တာတွေရှိလာနေတာကြောင့် NUG အစိုးရ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကရော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားအဖွဲ့တွေကပါ ကန့်ကွက်ဖို့ တိုက် တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးနဲ့ ပြည်သူတရပ်လုံးကို ၂၀၀၈ ဥပဒေအောက် ပြန်ပို့ဖို့ ကြုံစည်နေတာပဲ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြနေကြတာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ညီလာခံခန်းမဟောင်းကို ပြီးခဲ့တဲ့ဇွန် ၈ ရက်က သွားရောက်ခဲ့ပြီး သမိုင်းဝင် အဆောက်အအုံအဖြစ် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီအပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပြီး အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013