DVB Logo
Home
Lead Story
ထိုင်းအလှကုန် ၉ မျိုး ဘေးအန္တရာယ်ရှိဟု အက်ဖ်ဒီအေ ကြေညာ
DVB
·
March 25, 2014
ထိုင်းအလှကုန် ၉ မျိုး ဘေးအန္တရာယ်ရှိဟု အက်ဖ်ဒီအေ ကြေညာ
Donate to DVB

မြန်မာ့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန(အက်ဖ်ဒီအေ)ဟာ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ အလှကုန်ပစ္စည်း ၂၁ မျိုးကို စစ်ဆေးခဲ့ရာမှာ အဆီချ ခရင်မ်နဲ့ အသားလှဆီ အမျိုးအစား ၉ မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ် ဓာတုပစ္စည်းတွေ ပါဝင်နေတာ တွေ့ရှိလို့ အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

bachiအဲဒီ အလှကုန်ပစ္စည်း ၉ မျိုးကတော့ Mellano, Polla, Baschi နဲ့ Nineteen nano 19 အမှတ်တံဆိပ်တွေ ဖြစ်ကြပြီး အဆီချနဲ့ အသားလှခရင်မ်တွေ ဖြစ်ကြ ပါတယ်။

ဒီအလှကုန်ပစ္စည်းတွေ ဟာ မြန်မာ့အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ)မှာ မှတ်ပုံတင်ထားတာလည်း မရှိပဲ တရားမ၀င် တင်သွင်းလာတာတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေး ဥပဒေ မရှိသေးဘဲ လွှတ်တော်တွင်း တင်ထားတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး နောင် အဲဒီ ဥပဒေ အတည်ဖြစ်လာရင် တင်သွင်းသူတွေကို ဥပဒေအရ အရေးယူနိုင်မယ်လို့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013