DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်း မီးလောင်၊ နေအိမ်အလုံး ၅၀ ဆုံးရှုံး
DVB
·
March 25, 2014
မယ်လဒုက္ခသည်စခန်း မီးလောင်၊ နေအိမ်အလုံး ၅၀ ဆုံးရှုံး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မတ် ၂၄ ရက်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ည ၉ နာရီလောက်က အမှတ် ၄ ရပ်ကွက် ဇုန်ဘီထဲမှာ ရှိတဲ့ နေအိမ်တအိမ်ကနေ မီး စလောင်တာမှာ နေအိမ် ၁၉ လုံး လောင်ကျွမ်းပြီး မီးဆက်ကူးမှာစိုးလို့ အိမ်ပေါင်း ၃၁ လုံးကို ၀ိုင်းဝန်းဖျက်ဆီးလိုက်ရတဲ့အတွက် စုစုပေါင်း အိမ်အလုံး ၅၀ ဆုံးရှုံးသွားတယ်လို့ မယ်လစခန်း ဆပ်ကော်မတီဝင်တဦးဖြစ်သူ စောသာခဲက ဒီဗွီဘီကို ပြောပါတယ်။

maela fire“ကျနော်ကတော့ ဇုန်စီမှာ နေတာပေါ့နော်။ အဲဒီကနေ မီးညွန့်မီးလျှံတွေတွေ့တော့ သွားကြည့်တာပေါ့။ မိသားတစု ကလေး နေမကောင်းလို့ အိပ်နေတာတဲ့။ ည ၉ နာရီအချိန် အဲဒီမှာ ဖယောင်းတိုင် ထွန်းပြီး အိပ်ပျော်သွားတာ။ ဖယောင်းတိုင်လဲကျပြီး အိမ်နံရံကို စလောင်တယ်လို့ပြောတယ်။ လူတွေက ထိခိုက်ဒဏ်ရာရတာမရှိဘူး။”

မီးလောင်ပြီး မိနစ် ၃၀ လောက်အကြာ ထိုင်းမီးသတ်ကား ၅ စီး ရောက်လာပြီး မီးငြိမ်းတဲ့အတွက် ည ၁၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့ အိမ်တွေထဲက အိမ်ထောင်ပရိဘောဂ ဆုံးရှုံးမှု ပမာဏကိုတော့ မသိရကြောင်း၊ ၀က် ၄ ကောင် သေဆုံးတာ တွေ့ရပြီး ကရင်အမျိုးသမီအစည်းအရုံး (ကေဒဗလျူအို) ရဲ့ ရုံးခန်းလည်း မီးလောင်သွားတယ်လို့ စောသာခဲက ပြောပါတယ်။

လက်ရှိ မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူတွေ ၃၀၀ နီးပါးရှိပြီး ဆွေမျိုးသားချင်းနဲ့ အသိအိမ်တွေမှာ လူခွဲပြီး ခိုလှုံနေရတယ်လို့ စောသာခဲက ပြောပါတယ်။

သူတို့ကို လိုအပ်တဲ့ အကူအညီပေးဖို့ စခန်းတာဝန်ရှိသူတွေက အရေးပေါ်ကော်မတီတရပ် ဖွဲ့စည်းပြီး ဒီနေ့မနက် အစည်းအဝေးထိုင်နေတယ်လို့ ဆိုပါတယ်။

မယ်လ ဒုက္ခသည်စခန်းဟာ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၉ ခုထဲမှာ အကြီးဆုံးဖြစ်ပြီး လူဦးရေ ၄ သောင်းကျော် နေထိုင်ပါတယ်။

ဒီစခန်းမှာ မီးလောင်မှုဟာ ဒါဟာ တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ နဲ့ ၂၀၁၃ ခု ဒီဇင်ဘာလတုန်းကလည်း မီးလောင်ခဲ့ပါသေးတယ်၊ မနှစ်က မီးလောင်မှုမှာ အိမ်ခြေ ၁၂၀ လုံး ပျက်စီးဆုံးရှုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013