DVB Logo
Home
မြန်မာသတင်း
ခရိုင်ပြင်ပ လွတ်လပ်စွာခရီးသွားလာခွင့်ပြုရန် မောင်တောမွတ်စလင်များ တောင်းဆို
DVB
·
June 13, 2022
ခရိုင်ပြင်ပ လွတ်လပ်စွာခရီးသွားလာခွင့်ပြုရန် မောင်တောမွတ်စလင်များ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်တွေက ဒေသခံမွတ်စလင်တွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေပေမယ့် ခရိုင်ပြင်ပ  ခရီးသွားလာခွင့်ရရေး ခွင့်ပြုချက်တောင်းနေရတာကြောင့် အခက်အခဲကြုံနေကြရပါတယ်။

"NVC ကတ်နဲ့ မြို့နယ်အတွင်းသာသွားလာလို့ရတာပါ။ မြို့နယ်ပြင်ပကိုသွားမယ်ဆိုရင် ခရီးသွားလာခွင့် လက်မှတ် ပုံစံ ၄ ပါမှသွားလို့ရပါတယ်။ အခက်တွေ့တာက NVC  ကို ခရီးသွားလာခွင့်လွယ်ကူစွာရရှိဖို့ ပြုလုပ်ထားကြတာ လွယ်ကူစွာသွားလာခွင့်ပြုဖို့လိုပါတယ်” လို့ မောင်တောဒေသခံမွတ်စလင်တဦးက ပြောပါတယ်။ 

မောင်တောခရိုင်ဒေသခံ မွတ်စလင်တွေဟာ နိုင်ငံသားစိစစ်ရေးကတ် (NVC) ပြုလုပ်ထားရှိကြပေမယ့် စစ်တွေ၊ ရန်ကုန် စတဲ့ ခရိုင်ပြင်ပရှိမြို့နယ်တွေကို လွတ်လပ်စွာသွားလာခွင့်မရရှိကြသေးဘဲ ခရီးသွားလာခွင့်ပုံစံ ၄ လျှောက်ထားနေကြရတာကြောင့် အခက်အခဲကြုံနေကြရတာလို့ ဆိုပါတယ်။

ပုံစံ ၄ လျှောက်ထားရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ဆေးထိုးပြီးကြောင်းထောက်ခံစာနဲ့ မြို့နယ်ထွေအုပ်ထောက်ခံစာတွေ ပါရှိပြီးမှ ခရိုင်လ.ဝ.ကမှာ လျှောက်ထားရတာပါ။

ဘူးသီးတောမြို့နယ်နေ မွတ်စလင်တဦးက "ကျနော်တို့မှာ ယခင်တုန်းကဆိုရင် အမျိုးသားမှတ်ပုံတင်တွေဆိုပြီး ၃ ခေါက်ချိုး မှတ်ပုံတင်တွေရှိတယ်။ အဲဒီမှတ်ပုံတင်တွေအချို့မှာ ရိုဟင်ဂျာရေးလို့ ရေးထားတာရှိသလို မွတ်ဆလင်လို့ ရေးထားတာတွေလည်းရှိတယ်။ ၁၉၉၁/၉၂ မှာ ထုတ်ပေးလာတဲ့ White Card မှာ အချို့မှာကျတော့ မွတ်စလင်တွေရှိသလို ဘင်္ဂါလီလို့ရေးထားလည်းရှိတယ်။ ၂၀၁၅ မှာထုတ်ပေးတဲ့ NVC ကတ်မှာကျတော့ အားလုံး ဘင်္ဂါလီလို့သာ ရေးသားတာတွေ့ရပါတယ်”  လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်တွေကို ၁၉၉၁/၉၂ ခုနှစ်မှာ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေ ထုတ်ပေးခဲ့ကြပြီး အဲဒီကတ် သက်တမ်းကုန်ဆုံးချိန် ၂၀၁၅ ခုနှစ် ဧပြီလမှစတင်ကာ အစိမ်းရောင် သက်သေခံကတ်ပြား National verification card (NVC) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ရခိုင်ပြည်နယ်တခုလုံးမှာ လုပ်ဆောင်ပေးခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်က မောင်တောခရိုင်မှာ မွတ်စလင် လူဦးရေဟာ ၈ သိန်းနီးပါး ရှိနေခဲ့ပေမယ့် NVC ကတ် ထုတ်ယူထားတဲ့ လူဦးရေဟာ ၄၀၀၀ ကျော်သာရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောခရိုင်က လူ ၆ သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး ကျန်ရှိ လူဦးရေ ၂ သိန်းအနက် ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက် ဒီနေ့အထိ NVC ကတ်ရရှိထားသူ ၁ သောင်းကျော်သာ ရှိတယ်လို့ ခရိုင်လ.ဝ.က ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013