DVB Logo
Home
မြန်မာသတင်း
မြေနေရာ ငှားရမ်းမရသဖြင့် ကျောက်တော် ဝါးတောင်စစ်ရှောင်များ အခက်ကြုံနေ
DVB
·
June 13, 2022
မြေနေရာ ငှားရမ်းမရသဖြင့် ကျောက်တော် ဝါးတောင်စစ်ရှောင်များ အခက်ကြုံနေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်မှာ သက်တမ်းအရှည်ဆုံး စစ်ဘေးရှောင် စခန်းတခုဖြစ်တဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ လက်ရှိနေထိုင်ကြတဲ့ မြေနေရာကို ဆက်လက် ငှားရမ်းမရတာကြောင့် စစ်ဘေးရှောင်တွေ နေအိမ်ဆောက်ခွင့်မရရှိဘဲ အခက်ကြုံနေကြတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက “ကျနော်တို့ အခုနေနေထိုင်ကြတဲ့ မြေနေရာက ဆက်ပြီးတော့ ငှားရမ်းဖို့ အခက်အခဲတွေ ရှိနေတယ်။ မြေပိုင်ရှင် နှစ်ယောက်မှာ တစ်ယောက်က ဆက်မငှားနိုင်တော့ဘူး ဆိုပြီးပြောတယ်။ နောက်တယောက်ကလည်း မြေငှားဖို့ ညှိနှိုင်းလို့ မရဘူးဖြစ်နေတယ်။ အခုက မိုးတွင်းကာလဆိုတော့ အိမ်တွေက ပြိုပျက်နေကြတော့ ဘယ်လိုမှ နေလို့မရတော့ဘူး။ UNHCR က အိမ်တွေ ဆောက်ဖို့ သစ်၊ ဝါးတွေနဲ့ ဓနိတွေ ထောက်ပံ့ထားတာကိုလည်း မြေပိုင်ရှင်တွေက မြေမငှားကြတော့ ဆောက်လုပ်လို့မရဘူး ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင် စခန်းမြေနေရာကို တနှစ် ၂၄ သိန်းကျပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး ငှားရမ်းခတွေအတွက်  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စစ်ဘေးရှောင်တွေကို လစဉ်ထောက်ပံ့တဲ့ငွေကို စုဆောင်းပြီး ပေးချေနေကြရတာလို့ ဦးနိုင်ထွန်းဝင်က ​ဆိုပါတယ်။

စစ်ဘေးရှောင်တဦးက “အခု မိုးတွင်းရာသီလည်းဖြစ်လာပြီး အိမ်တွေက ပြိုပျက်နေကြပြီး မိုးရွာရင် တော်တော်လည်းကို ဒုက္ခရောက်ကြတယ်။ ညပိုင်းမိုးရွာရင် အိမ်ခေါင်မိုးတွေက မိုးယိုတော့ ကလတွေလည်း  မအိပ်ကြရဘူး။ သစ်တွေ ဝါးတွေရှိတာလည်း မြေငှားလို့ မရတာကြောင့် မဆောက်ရဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ကတည်းက ကျောက်တော်မြို့နယ်က ကျေးရွာ ၈ ရွာမှ အိမ်ထောင်စု ၁၅၇ စုက လူဦးရေ ၈၆၃ ဦး ခိုလှုံနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013