DVB Logo
Home
မြန်မာသတင်း
မြွေတောင်၊ ဖားတောင် စီမံကိန်းကိစ္စ လွှတ်တော်တွင် ရှင်းလင်းရန် တောင်းဆို
DVB
·
March 24, 2014
မြွေတောင်၊ ဖားတောင် စီမံကိန်းကိစ္စ လွှတ်တော်တွင် ရှင်းလင်းရန် တောင်းဆို
Donate to DVB

ချင်းပြည်နယ်မှာ တီးတိန်မြို့မှာ ဆာင်ရွက်မယ့် မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာ  ပွင့်လင်းမြင်သာစွာ လာရောက် ရှင်းလင်းပြဖို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_53794" align="alignright" width="300"]တီးတိန်မြို့ (Photos By: Dr. Dong (Sydney) တီးတိန်မြို့ (Photos By: Dr. Dong (Sydney)[/caption]

တီးတိန်မြို့ နယ်မှာ ဆောင်ရွက်မယ့် နီကယ်သတ္တုစီမံကိန်းနဲ့ ပတ်သက်လို့ ပညာရှင်တွေ၊ ဒေသခံတွေနဲ့ ချင်းနိုင်ငံရေး ပါတီတွေက လေ့ လာတွေ့ရှိထားတဲ့  လူမှုရေးနဲ့ ပတ်ဝန်း ကျင်ထိခိုက်မှု အချက်အလက်တွေကို  ချင်းလူမူအဖွဲ့အစည်းတွေက လွှတ်တော် အမတ်တွေဆီ ပေးပို့ထား တာပါ။

ဒီိစီမံကိန်းနဲ့ပတ်သက်ပြီး  အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာ ရှင်းပြနိုင်ဖို့ လာမယ့်  အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းမေးမြန်း သွားမယ်လို့ ဟားခါးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်တာဘိတ်က ပြောပါတယ်။

မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းနဲ့ပတ်သက်ပြီး  ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်တွေ မတ်လ ၂၃ ရက်နေ့ကလည်း နေပြည်တော်၊ စည်ပင်ရိပ်သာခန်းမမှာ တရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ချင်းတောင်သယံဇာတစောင့်ကြည့်ရေး အဖွဲ့ဝင် ဦးလျန်တောင်ကတော့ လွှတ်တော်အမတ်တွေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ တင်သွင်းဖို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီလေးခုကတော့ မြွေတောင်-ဖားတောင် စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးရာမှာ ပွင်းလင်းမြင်သာမူမရှိတာ၊ စီမံကိန်းက ရလာမယ့် အကျိုးအမြတ်ခွဲဝေသုံးစွဲမယ့် ကိစ္စတွေကို အစိုးရအနေနဲ့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ၂၀၁၃ ခုနှစ်ထဲမှာ ကြေညာချက်တွေ ထုတ်ပြန် ခဲ့ဖူးပါတယ်။

မြွေတောင်-ဖားတောင် နီကယ်သတ္တုစီမံကိန်းကို  တရုတ်နိုင်ငံ Zijin Mining Group နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ ရှိနေတယ်လို့ တရုတ်နိုင်ငံ Zijin ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013