DVB Logo
Home
မြန်မာသတင်း
Foodpanda Rider များ အလုပ်မဆင်းဘဲ ဆက်လက် သပိတ်မှောက်မည်
DVB
·
June 10, 2022
Foodpanda Rider များ အလုပ်မဆင်းဘဲ ဆက်လက် သပိတ်မှောက်မည်
Donate to DVB

ရန်ကုန်မှာ အစားအစာပို့ဆောင်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ Foodpanda ကုမ္ပဏီဟာ ပို့ဆောင်သူ Rider ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော မပေးသေးတာကြောင့် အလုပ်မဆင်းဘဲ သပိတ်ဆက်မှောက်သွားမယ်လို့  Rider တွေက သဘောထားထုတ်ပြန်ပါတယ်။ 

လုပ်ငန်းခွင်အခက်အခဲတွေကို တင်ပြတောင်းဆိုပေမယ့် အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကစလို့ Rider တွေ လုပ်မဆင်းဘဲနေခဲ့ကြပြီး တောင်းဆိုချက်တွေကို ဖြည့်ပေးတယ်လို့ ကုမ္ပဏီက ပြောပေမယ့် တကယ်လိုအပ်ချက်တွေကို ဖြည့်ပေးတာမဟုတ်လို့ အခု ဇွန် ၄ ရက်ကစတင်ပြီး ကုမ္ပဏီကိုကြားခံပြီး စားစရာတွေ မမှာကြဖို့ Rider တွေက နှိုးဆော်ခဲ့ကြပါတယ်။

အဲဒီနောက် Rider တွေရဲ့တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ထားပြီလို့ ကုမ္ပဏီက ထုတ်ပြန်ပြီး တကယ်တမ်းမှာ အဆင်မပြေဘူးလို့ Rider တွေက ပြောပါတယ်။

ဈေးကွက် အနေအထားနဲ့ ကိုက်ညီအောင် ပို့ဆောင်ခကို မီတာ ၅၀၀ အတွက် ကျပ် ၅၈၀ အထိ တိုးပေးခဲ့တယ်လို့ ကုမ္ပဏီကကြေညာပြီး ဒီပမာဏဟာ Rider တွေနဲ့ သဘောတူခဲ့တဲ့ ပမာဏမဟုတ်ဘဲ Rider တွေ တောင်းဆိုခဲ့တာက အခြေခံ အော်ဒါကြေး တခေါက်ကို ၆၇၀ ကျပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ကြေညာထားတဲ့ အခြေခံအော်ဒါကြေး ၅၈၀ ကျပ် ဟာလည်း အမှန်တကယ်မရဘဲ အများစုဟာ ၃၅၀ နဲ့ ၄၀၀ ကျပ်ဝန်းကျင်ပဲရနေတယ်လို့ ဆိုပါတယ်။ 

ကွန်ပြူတာစနစ်နဲ့ ထိန်းချုပ်နေတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ အော်ဒါပို့ရမယ့် လိပ်စာအပြောင်းအလဲဖြစ်ရင် Rider  တွေမနစ်နာအောင် နားကြပ်နဲ့ ဆက်သွယ်နိုင်တယ်လို့ ကုမ္ပဏီက ကြေညာပြီး Rider Applicationက နားကြပ်ဟာ ကောင်းကောင်းအလုပ်မလုပ်တာကြောင့် မှာယူသူက လိပ်စာမှားယွင်းတဲ့အခါ ထပ်သွားရတဲ့ အကွာအဝေးအတွက် အော်ဒါကြေးမရတာတွေရှိနေတယ်လို့ Rider တွေက ဆိုပါတယ်။ 

ပြီးတော့ Rider Application က နားကြပ်ဟာ ထိထိရောက်ရောက် တာဝန်ယူ မဖြေရှင်းပေးနိုင်ဘဲ ဆက်သွယ်တိုင်းမှာ  အဓိကတာဝန်ယူဖြေရှင်းသူ မရှိဘဲ ဖြေကြားသူတွေ တယောက်ပြီးတယောက် ပြောင်းလဲပြီး အချိန်ကြာနေတယ်လို့ ဆိုပါတယ်။ 

Rider တွေ ဘေးအန္တရာယ် ကျရောက်လာတဲ့အခါ ကုမ္ပဏီဘက်က ဖြေရှင်း ဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး ဧရာမြန်မာ (အသက်အာမခံ) ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်ထားပြီး အာမခံကို တယူနစ် ၁၀၀ ကျပ်နှုန်းနဲ့ စထားနိုင်တယ်လို့ ကုမ္ပဏီကဆိုပြီး Rider တွေ တောင်းဆိုတာကတော့ ကုမ္ပဏီအနေနဲ့ Rider တွေရဲ့ လုံခြုံရေးအတွက် တာဝန်ခံ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

တပတ်မှာ တရက်နားခွင့်တောင်းတာနဲ့ ပတ်သက်လို့ နားခွင့်ရှိတယ်လို့ ကုမ္ပဏီကဆိုပြီး Rider တွေကတော့ ဒီလိုနားမယ်ဆိုရင် စွမ်းဆောင်မှုအကဲဖြတ်ချက်အရ အကောင်းဆုံး Rider အဆင့် Batch – 1 ကိုရဖို့ မဖြစ်နိုင်တာကြောင့် တပတ်လုံး အလုပ်လုပ်မှ အကောင်းဆုံး Rider ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ထားချက်ကို ဖြေလျှော့ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်။

Rider တွေအတွက် Call Center ဖို့တောင်းဆိုချက်အရ ထားတယ်လို့ ဆိုပေမဲ့ ဒီနံပါတ်ဟာ ဘယ်ကိစ္စကိုမှ ကောင်းကောင်းမဖြေရှင်းနိုင်ဘူးလို့ Rider တွေက ဆိုပါတယ်။

ပို့ဆောင်ရတဲ့လမ်းကြောင်းကို မြေပြင်မှာ သွားလာရတဲ့အတိုင်းတွက်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ စောင့်ဆိုင်းပေးဖို့ ကုမ္ပဏီဘက်ပြောထားပါတယ်။

လုပ်ငန်းခွင် စည်းမျဥ်းစည်းကမ်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် Rider တွေကို ရက်သတ္တ တပတ်ကြိုတင်အကြောင်းပြီး အဲဒီဆုံးဖြတ်ချက်တွေမှာ Rider တွေရဲ့ သဘောတူညီမှုကိုလည်းယူဖို့ တောင်းဆိုထားပြီး လက်ရှိမှာတော့ သတင်းထုတ်အကြောင်းကြားတာကိုပဲ ကုမ္ပဏီဘက်က လုပ်ပေးနေပါတယ်။

Rider တွေဟာ အချက် ၈ ခုကို တောင်းဆိုထားပြီး မရမချင်း အလုပ်မဆင်းဘဲနေမယ်လို့ ကြေညာထားပါတယ်။ဒါကြောင့် Rider အများစုဟာ ကိုယ့်ဖာသာရတဲ့ ပို့ဆောင်ရေးအလုပ်တွေလုပ်နေကြပြီး သိပ်တော့ မဆင်မပြေဘူးလို့ ရန်ကုန် ဇုန်တခုရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013