DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း အကူအညီပေးရေးလုပ်ငန်းများတွက် ကျပ်သန်း ၃၀၀၀ သုံးစွဲမည်ဟု ATOM ကုမ္ပဏီပြော
DVB
·
June 10, 2022
မြန်မာပြည်တွင်း အကူအညီပေးရေးလုပ်ငန်းများတွက် ကျပ်သန်း ၃၀၀၀ သုံးစွဲမည်ဟု  ATOM ကုမ္ပဏီပြော
Donate to DVB

မြန်မာပြည်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာမှုကိစ္စတွေအတွက်  ကျပ် သန်း ၃၀၀၀ သုံးစွဲကူညီ ထောက်ပံ့မယ်လို့ တယ်လီနောမြန်မာကို ဝယ်ယူအမည်ပြောင်းလိုက်တဲ့ အက်တမ်( ATOM) ဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။

လူ့အသိုက်အဝန်းကို  ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်မယ်ဆိုပြီး မိတ်ဆက်လိုက်တဲ့ အက်တမ်က လာမယ့်နှစ်တွေမှာ 5G ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဆုံးစတင်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“စိန်ခေါ်မှုများတဲ့ကာလမှာ လူတိုင်းအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ အက်တမ် (ATOM) ကို ဖွဲ့စည်းထားတာပါ”  လို့ အက်တမ်ရဲ့ အမှုဆောင်အရာရှိချုပ် Muhammad Ziaullah Siddiqui (Zia) က ပြောပါတယ်။ 

အက်တမ်ဟာ ဆက်သွယ်ရေးကွန်ရက်တွေ အဆင့်မြှင့်တင်တာ၊ စီးပွားရေးလုပ်ငန်းတွေ အသွင် ကူးပြောင်းတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးတာနဲ့ ပြည်တွင်းက အရည်အချင်းရှိတဲ့ လူငယ်လူရွယ်တွေကို မြေတောင်မြှောက်ပေးဖို့ အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်ကိုလည်း လာမယ့် ၃ နှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။

အမှတ်တံဆိပ်သစ်စတင် လည်ပတ်တဲ့အချိန်ကစလို့ ၂၀၂၃ ခုနှစ်ထိ အကူအညီအထောက်အပံ့လိုအပ်နေတဲ့ အသိုက်အဝန်းတွေအကြား မြန်မာကျပ်ငွေ သန်း ၃,၀၀၀ ကို ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု စတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ သုံးမယ်လို့လည်း ဆိုပါတယ်။

အသံခေါ်ဆိုတာနဲ့ ဒေတာပက်ကေ့ခ်ျတွေဈေးသက်သာစေမယ်လို့လည်း ပြောထားပြီး call centre ဆီကို ခေါ်ဆိုတာအတွက် အခမဲ့ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းတွေကို လိုက်နာပြီး စားသုံးသူအကာအကွယ်ပေးရေး၊ ဒေတာလုံခြုံရေး၊ ဒေတာခံနိုင်ရည်ရှိမှု၊ ကိုယ်ရေးကိုယ်တာ၊ ချိတ်ဆက်မှုနဲ့ အသုံးပြုခွင့်တို့ကို ပေးမှာဖြစ်သလို လူ့အခွင့်အရေးစံနှုန်းတွေကို လက်ကိုင်ပြုတဲ့ မြန်မာနိုင်ငံဥပဒေနဲ့ စည်းမျဉ်းတွေကို လေးစားလိုက်နာပြီး အပြုသဘောဆောင်တဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို ပံ့ပိုးပေးဖို့ ကတိပြုတယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုက  သူ့ရဲ့ တယ်လီနော-မြန်မာ ရှယ်ယာတွေကို ရောင်းချခဲ့ရာမှာ တရားဝင် ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါ ပါရှိတဲ့အတွက် မြန်မာစစ်တပ်ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်စေနိုင်တယ်လို့ Justice for Myanmar က ထောက်ပြ ဝေဖန်ထားပါတယ်။

လက်ဘနွန်အခြေစိုက် M1 Group က တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုကြီးထံကနေ ဝယ်ယူထားတဲ့ တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ ပြီးခဲ့တဲ့လပိုင်းကမှ အပြီးသတ် လွှဲပြောင်းရောင်းချခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းခေါ်ဆိုတာတွေကို မှတ်တမ်းယူ အသံဖမ်းဖို့ စက်တွေတပ်ဆင်ဖို့ စစ်တပ်က ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီကို ဖိအားပေးလာတာကြောင့် ကုမ္ပဏီရှယ်ယာတွေ ရောင်းချခဲ့တာလို့ တယ်လီနောက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013