DVB Logo
Home
မြန်မာသတင်း
NUG ထုတ်ပေးသည့် အလုပ်သမားကတ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
June 10, 2022
NUG ထုတ်ပေးသည့် အလုပ်သမားကတ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပေးမယ့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ကိုင်ဆောင်ရင် အမည်ပျက်စာရင်းသွင်းပြီး တရားစွဲအရေးယူမယ်လို့ စစ်ကောင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

NUGအလုပ်သမားဝန်ကြီးဌာနက ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့သူတွေကို အလုပ်သမားဥပဒေပါအတိုင်း အသိအမှတ်ပြုကတ် ထုတ်ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ပြီး အလုပ်သမားတွေကိုပါ သတိပေးလိုက်တာ ဖြစ်ပါတယ်။

NUG အစိုးရကပေးတဲ့ OERC ကတ်ကို လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်/ထွက်ခွင့် ပိတ်ခံရမယ့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြည်ပနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း OERC ကတ် လျှောက်ထားတာ၊ လက်ဝယ်ကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိရင် အမည်ပျက်စာရင်း ရေးသွင်းပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲတာ၊ ပြည်ဝင်ခွင့်ပိတ်တာမျိုး ပြုလုပ်ခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OWIC) အမည်နဲ့ ထုတ်ပေးနေပြီး အဲဒီကတ်မပါရင် ပြည်ပထွက်ခွင့် တားမြစ်ထားပါတယ်။

NUG အစိုးရက OERC အမည်နဲ့ကတ်ကို ပြည်ပသွားရောက်မယ့် အလုပ်သမားတွေနဲ့ ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးဖို့ ပြင်ဆင်နေတာပါ။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးကတော့ “စစ်ကောင်စီက ဘယ်လိုတားတား NUG က ထုတ်ပေးတဲ့ကတ်ကို လျှောက်ဖို့ ပြင်ထားပြီးသားပါ။ ကိုယ့်တရားဝင်အစိုးရထုတ်ပေးတဲ့ကတ်ပဲ လိုချင်တယ်”လို့ ပြောပါတယ်။

NUG အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားအရေအတွက်နဲ့ သူတို့ကို ကူညီပေးနိုင်ဖို့ အသိအမှတ်ပြုကတ် ထုတ်ပေးရေး စီစဥ်နေတာလို့ ထုတ်ပြန်ထားပါတယ်။

ကတ်လျှောက်ထားမှုကို အွန်လိုင်းစနစ် အသုံးပြုသွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရောက် မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ အသိပေးထား ပါတယ်။

အာဏာသိမ်းစစ်တပ်က  NUG လုပ်ဆောင်မယ့်အစီအစဥ်ကို မလိုလားဘဲ အလုပ်သမားတွေကို အရေးယူမယ့်အကြောင်း စစ်ကောင်စီ လက်အောက်ခံသံရုံးတွေကတဆင့် သတိပေးချက်တွေ တောက်လျှောက်ထုတ်ပြန်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013