DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်း-မြန်မာနယ်စပ် မဲ့လဒုက္ခသည်စခန်းသို့ သွားရောက်
DVB
·
June 9, 2022
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်း-မြန်မာနယ်စပ် မဲ့လဒုက္ခသည်စခန်းသို့ သွားရောက်
1 / 8
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၉ ရက် ဒီနေ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီတဘက်ကမ်း ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊  တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးတာဝန်ခံအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ   ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ကယယ်ဟဲ့သ်  လည်း လိုက်ပါလာပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေနဲ့ ကျန်းမာရေးဌာနတွေကို  သွားရောက်လေ့လာ ကြည့်ရှုသွားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်အတွင်းမှာ  နို့ဖိုးစခန်း၊ အုန်းဖျန်စခန်းနဲ့  မဲ့လစခန်းဆိုပြီး မြန်မာစစ်ဘေး ဒုက္ခသည်စခန်း ၃ ခုရှိရာမှာ မဲ့လစခန်းက ဒုက္ခသည်  ၂၇၀၀၀ ကျော်ခိုလှုံနေတဲ့ အကြီးဆုံး စခန်းဖြစ်ပါတယ်။

မဲ့လဒုက္ခသည်စခန်းမှာ  စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်ရဲ့ ရွာတွေမီးရှို့၊ ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေကြတာလည်းဖြစ်ပါတယ် ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၇ ရက်မှ  ၁၄ ရက်အထိ အာဆီယံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ခရီးလှည့်နေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအပါအဝင် ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီမှာ ကျင်းပ ပြီးစီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရေးတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013