DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဖို့ တိုင်း ၃ တိုင်းမှာ ဆန္ဒပြခဲ့ကြ
DVB
·
March 23, 2014
ဖွဲ့စည်းပုံပြင်ဖို့ တိုင်း ၃ တိုင်းမှာ ဆန္ဒပြခဲ့ကြ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ ဒေါပုံနဲ့ ဗဟန်း၊ မန္တလေးတိုင်းမှာ အောင်မြေသာစံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တို့မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

[caption id="attachment_53712" align="alignright" width="300"]မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြပွဲ မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြပွဲ[/caption]မန္တလေးတိုင်း အောင်မြေသာစံမြိုနယ်မှာ ပြုလုပ်ခဲ့တဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ သူတဦးဖြစ်တဲ့ ကိုဝိုင်းချစ်အောင်က သူတို့ ဆန္ဒပြခဲ့ပုံကို အခုလို ပြောပြပါတယ်။

“စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီ စီတန်းလမ်းလျှောက်တဲ့အခါမှာ ကျနော်တို့တွေ ကြွေးကြော်သံ ၁၀ ချက်ကို တိုင်ပြီး စီတန်းလမ်းလျှောက်ခဲ့ကြတယ်။ ကျနော်တို့ စုရပ်က ၈၀၊ ၈၁ လမ်းကြား ၄၁ လမ်း၊ ပေါက်မြိုင်ကျောင်း တောင်ဘက်မှာ စုပြီးတဲ့အခါကြတော့ လမ်း ၈၀ အတိုင်း၊ ၃၇ လမ်းပေါ့ခင်ဗျ၊ အဲဒီ ၃၇ လမ်းအတိုင်း ၈၁၊ ၈၁ အတိုင်း ၃၆ ပေါ့ခင်ဗျ၊ ၃၆ အတိုင်း ၈၂၊ ၈၂ ကနေ ၄၁ ကို ပြန်လာပြီး ၄၁ စုရပ်မှာပဲ ကျနော်တို့ ပြီးဆုံးတယ်ခင်ဗျ။”

မန္တလေး အခြေခံဥပဒေပြင်ရေးဆန္ဒပြပွဲကို လူ ၃၀၀ ခွင့်ပြုချက်နဲ့ လုပ်ခဲ့ကြတာဖြစ်ပြီး ထောင်နဲ့ချီ ပါဝင်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မုံရွာမြို့မှာတော့ ပြည်သူလူထု ၃၅၀၀ ကျော် ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဆန္ဒပြခဲ့ကြပုံကို ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဦးသန်းအေးက ခုလို ပြောပြပါတယ်။

“မုံရွာ ဘောလုံးကွင်းမှာ စုပြီးတော့မှ အဲဒီကနေပြီးတော့ ကျောက်ကာလမ်းက သွားတယ်။ အဲဒီကနေပြီး ပေ ၈၀ ကနေ သာစည်ဈေး၊ သာစည်ဈေးကနေပြီး ဘောလုံးကွင်းကို ပြန်ဝင်တယ်။ အဖွဲ့အစည်းတွေက ဒီမိုကရက်တစ် အင်အားစုတွေအကုန်ပါတယ်။ လူမှုရေး အသင်းအဖွဲ့တွေ ပါတယ်။ နောက် ပါတီတွေပါတယ်။ ၈၈ ပွင့်လင်းအဖွဲ့တွေ ပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပါတယ်။ ရွာတွေက ပါတယ်။ ဟိုဘက် ၄ မြို့နယ်၊ ဒီဘက် ၄ မြို့နယ်က ကိုယ်စားလှယ်တွေ ပါတယ်။”

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း တောင်းဆိုခဲ့တာတွေက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့၊ ပုဒ်မ ၄၃၆၊ ၅၉ (စ) ပြင်ပေးဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဖွဲ့စည်းပုံပြင်ဖို့ အတူလုပ်ဆောင်ကြမယ်လို့ သဘောထားကြေညာချက် ထုတ်ခဲ့ပြီးနောက်ပိုင်း ဖွဲ့စည်း ပုံပြင်ဆင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက် ကျင်းပပြုလုပ်လာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013